ကျောနံပါတ် ၇ မှာ ဒီပေးအတွက် ဖိအားဖြစ်နေဟု ဒေးဗစ်ဘက်ဟမ်း သုံးသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ကျောနံပါတ်ကြောင့် ဖိအားဒဏ်ခံနေရသူဟု ဘက်ခမ်းကသုံးသပ်လိုက်သည့် ဒီပေး

မန်ယူအသင်း၏ ကျောနံပါတ် ၇ အား ၀တ်ဆင်ကစားခဲ့ဖူးသည့် အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ဒေးဗစ်ဘက်ဟမ်းက မန်ယူကစားသမားများအတွက် ကျောနံပါတ် ၇ မှာ အစဉ်အလာအရ အလေးပေးရမည့် ဂန္ထ၀င်နံပါတ်ဖြစ်ကြောင်း၊ လက်ရှိကျောနံပါတ် ၇ ၀တ်ဆင်နေသည့် ဒီပေးမှာ ယင်းကျောနံပါတ်ကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ဘောလုံးရာသီတွင် ဟော်လန်ကလပ်ပီအက်စ်ဗွီနှင့်အတူ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ရရှိခဲ့သည့် လူငယ်တောင်ပံကစားသမား ဒီပေးသည် မန်ယူအသင်းကို ရောက်ရှိသည့်အချိန်တွင် ကျောနံပါတ် ၇ အား ၀တ်ဆင်ကစားခွင့်ရရှိရန် တောင်းဆိုခဲ့ပြီး လက်ရှိအချိန်အထိ ခြေစွမ်းပြသနိုင်ခြင်းမရှိမှုကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

“မန်ယူရဲ့ ကျောနံပါတ် ၇ ဆိုတာက အစဉ်အလာကြီးမားတဲ့ ကျောနံပါတ်တစ်ခုပါ။ အောင်မြင်မှုတွေရရှိခဲ့တဲ့ ကစားသမားတိုင်း ၀တ်ဆင်ကစားခဲ့တဲ့ နံပါတ်ဖြစ်တဲ့အတွက် ၀တ်ဆင်ခွင့်ရသူတိုင်း ဖိအားနဲ့ရင်ဆိုင်ရမှာ အသေအချာပါပဲ။ လက်ရှိကျောနံပါတ် ၇ ကို ၀တ်ဆင်ကစားနေတဲ့ ဒီပေးအနေနဲ့လည်း အောင်မြင်မှုရရှိရမယ်ဆိုတဲ့ ဖိအားကြောင့် ရုန်းကန်နေရတာဖြစ်နိုင်ပါတယ်” ဟု ဘက်ဟမ်းက သုံးသပ်ခဲ့သည်။

မန်ယူအသင်း၏ ကျောနံပါတ် ၇ အား ၀တ်ဆင်ကစားခဲ့သည့် ကစားသမားများတွင် ဂျော့စ်ဘတ်၊ အဲရစ်ကန်တိုနာ၊ ဒေးဗစ်ဘက်ဟမ်း၊ ရော်နယ်ဒိုမှာ အသင်းဂန္ထ၀င်ကစားသမားများအဖြစ် ရပ်တည်နိုင်ခဲ့သည့်အပြင် ကမ္ဘာ့ထိပ်တန်းကစားသမားများအဖြစ်ပါ အောင်မြင်ခဲ့သူများဖြစ်သည်။

comments

error: Content is protected !!