လီဂူး-၁ ပွဲစဉ်များကျင်းပမည်ဖြစ်သော်လည်း အဝေးကွင်းပရိသတ်များ ကြည့်ရှုခွင့်ရမည်မဟုတ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပြင်သစ်အားကစားဝန်ကြီး ကန်နာ

ပဲရစ်မြို့အကြမ်းဖက်တိုက်ခိုက်ခံရမှုအပြီးတွင် ဘောလုံးပွဲစဉ်အများအပြားရွှေ့ဆိုင်းခဲ့သော်လည်း ပြင်သစ်လီဂူး-၁ ပွဲစဉ်များကို ပုံမှန်အတိုင်းဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

သို့သော် ပြင်သစ်နိုင်ငံ၊ အားကစားဝန်ကြီး ကန်နာက လုံခြုံရေးအရ ပြင်သစ်လီဂူး-၁ နှင့် လီဂူး-၂ ပွဲစဉ်များတွင် အဝေးကွင်းပရိသတ်များ ကြည့်ရှုခွင့်ရမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက ယူရို-၂၀၁၆ ပြိုင်ပွဲကို ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ဘီဘီစီအားကစားအစီအစဉ်၏ မေးမြန်းမှုတွင်ပြောကြားခဲ့ပြီး ယူအီးအက်ဖ်အေကလည်း အဆိုပါပြိုင်ပွဲကို လာမည့်နွေရာသီတွင်ကျင်းပမည်ဟု
အတည်ပြုခဲ့သည်။

အားကစားဝန်ကြီးကန်နာက ”ယူရိုပြိုင်ပွဲကျင်းပဖို့ ကျွန်တော်တို့ဘက်က အဆင်သင့်ပါပဲ။ လိုအပ်တဲ့နေရာတိုင်းကို လုံခြုံရေးအပြည့်အ၀ချထားမှာပါ။ သေချာတာကတော့ လုံခြုံရေးအနေအထားကျင့်သားရအောင် အချိန်ပေးရဦးမယ်။ ဒါပေမဲ့ ဥရောပတစ်ခွင်က မိတ်ဆွေတွေအားလုံးကို ကျွန်တော်ပြောချင်တယ်။ ပြင်သစ်ကိုလာခဲ့ပါ။ မကြောက်ကြပါနဲ့။ ခင်ဗျားတို့အတွက်လုံခြုံပါတယ်” ဟု ပြောကြာခဲ့သည်။

comments

error: Content is protected !!