ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ဥရုဂွေးနှင့်ပွဲစဉ်ကို ဆန်းချက်ဇ် လွဲချော်ဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဥရုဂွေးနှင့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေသည့် ဆန်းချက်ဇ်

ချီလီတောင်ပံကစားသမား ဆန်းချက်ဇ်သည် ကိုလံဘီယာနှင့်သရေကျခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ တွင် ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့ခြင်းကြောင့် ပွဲစဉ် ၄ အဖြစ်ရင်ဆိုင်ရမည့် ဥရုဂွေးနှင့် ပွဲစဉ်ကို လွဲချော်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

လက်ရှိတောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ရှုံးပွဲမရှိရလဒ်ဖြင့် အီကွေဒေါ၏နောက် ဒုတိယနေရာတွင် ရပ်တည်နေသည့် ချီလီအသင်းမှ တောင်ပံကစားသမားဆန်းချက်ဇ်သည် ချီလီအသင်းကစားခဲ့ပြီးသည့် ခြေစစ်ပွဲစဉ် ၃ ပွဲအပြီးတွင် အသင်းအတွက် ၃ ဂိုးအထိ သွင်းယူပေးထားခဲ့သူဖြစ်သည်။

”ဆန်းချက်ဇ်ရဲ့ကြွက်သားဒဏ်ရာက လုံလောက်တဲ့အနားယူမှု လိုအပ်နေဆဲဖြစ်လို ပွဲထွက်ကစားခွင့်ရဖို့ မသေချာတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုဖို့အတွက် နောက်ဆုံးအချိန် စောင့်ဆိုင်းဦးမှာပါ ” ဟု ချီလီနည်းပြ ဆမ်ပါအိုလီက ထုတ်ဖော်ပြောကြားထားသည်။

comments

error: Content is protected !!