ဆရာဝန်ခွင့်ပြုချက် မရရှိမှုကြောင့်သာ ခေါင်းစွပ်ဝတ်ကစားနေရဟု ပီတာချက် ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဆယ်စုနှစ်တစ်ခုကျော် ခေါင်းစွပ်ဝတ်ဆင်ကစားနေရသည့် ပီတာချက်

အာဆင်နယ်အသင်း၏  အဓိက ပွဲထွက်ဂိုးသမား ပီတာချက်က ပွဲစဉ်များအတွင်း၌ ခေါင်းစွပ်ဝတ်ဆင်ကစားနေခြင်းအပေါ် စိတ်ကျဉ်းကျပ်လွန်းကြောင်း၊ ဆရာဝန်၏ခွင့်ပြုချက် မရရှိမှုကြောင့်သာ ခေါင်းစွပ်ဝတ်၍ ဆက်လက်ကစားနေရခြင်းဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ပီတာချက်သည် ၂၀၀၄ အောက်တိုဘာ ၁၄ ရက်က ရီးဒင်းအသင်းနှင့်ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ရီးဒင်းတိုက်စစ်မှူး စတီဖင်ဟန့်ခ်၏ ကြမ်းတမ်းသည့် ကစားပုံကြောင့် ဦးခေါင်းတွင် ပြင်းထန်သည့်ဒဏ်ရာရရှိခဲ့ပြီး ဆယ်စုနှစ်တစ်ခုအကြာ ယနေ့အချိန်အထိ ခေါင်းစွပ်ဝတ်၍ ကစားနေရသူဖြစ်သည်။

“ခေါင်းစွပ်နဲ့ကစားရတဲ့အချိန် ဒဏ်ရာထပ်မရနိုင်တဲ့အတွက် ယုံကြည်မှုတချို့ရရှိတယ်ဆိုပေမယ့် စိတ်ကျဉ်းကျပ်မှုတွေရှိလာတဲ့အခါ ခေါင်းစွပ်ကို ချွတ်ပစ်ချင်တဲ့အထိ စိတ်ပျက်မိပါတယ်။ တချို့ပွဲတွေမှာ ပြုလုပ်မိခဲ့တဲ့ အမှားတွေကလည်း ခေါင်းစွပ်ကြောင့် လုပ်မိတယ်လို့ ထင်ပါတယ်။ ခေါင်းစွပ်ချွတ်ပြီး ကစားလိုပေမယ့် ဆရာဝန်တွေက ခွင့်မပြုခဲ့တဲ့သလို အသက်အန္တရာယ်ရှိလာနိုင်တဲ့အတွက်ကြောင့်သာ ခေါင်းစွပ် စွပ်ပြီးကစားနေရတာပါ” ဟု ဂိုးသမားပီတာချက်က ဆိုသည်။

comments

error: Content is protected !!