မန်စီးတီးနှင့်ပွဲမတိုင်မီ မီလ်နာ၊ ဂျော်ဒန်အိုင်ဘီတို့ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မန်စီးတီးနှင့်ပွဲတွင် ပါဝင်လာဖွယ်ရှိနေသည့် မီလ်နာ

ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ အဖြစ် မန်စီးတီးအိမ်ကွင်းတွင် ယှဉ်ပြိုင်ရမည့်ပွဲစဉ်မတိုင်မီ ဒဏ်ရာရရှိနေသော လီဗာပူးအသင်းခေါင်းဆောင် မီလ်နာနှင့် တိုက်စစ်မှူးဂျော်ဒန်အိုင်ဘီတို့မှာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာသောကြောင့် အသင်းလေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်နိုင်ခဲ့ကြောင်း သိရသည်။

မီလ်နာမှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ရူဘင်ကာဇန်နှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲ၌ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် အင်္ဂလန်အသင်း၏ ခြေစမ်းပွဲများဖြစ်သော စပိန်နှင့် ပြင်သစ်တို့နှင့် ရင်ဆိုင်ရမည့်ပွဲများကို လွဲချော်ခဲ့ရသည်။

အင်္ဂလန် ယူ-၂၁ ကစားသမားဂျော်ဒန်အိုင်ဘီမှာ ဒူးဒဏ်ရာရရှိခဲ့ပြီးနောက် တနင်္လာနေ့တွင် ပြုလုပ်ခဲ့သော လေ့ကျင့်ခန်းအစီအစဉ်၌ ကွင်းလယ်လူမီလ်နာနှင့်အတူ ပါဝင်နိုင်ခဲ့သဖြင့် လီဗာပူးနည်းပြကလော့ပ်အတွက် စိုးရိမ်မှုလျော့ကျစေခဲ့သည်။

comments

error: Content is protected !!