အင်္ဂလန်အသင်းနှင့် ခြေစမ်းမည့်ပွဲစဉ်အတွက် ပြင်သစ်ကစားသမားအားလုံးလိုက်ပါ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usewebfrance
ဂျာမနီနှင့်ခြေစမ်းပွဲတွင် ၀င်ရောက်ကစားခဲ့သည့် ပြင်သစ်လက်ရွေးစင်အသင်း။

အင်္ဂလန်အသင်းနှင့်ဝင်ဘလေကွင်းတွင် ခြေစမ်းပွဲကစားရန် ပြင်သစ်လက်ရွေးစင်ကစားသမား၂၃ဦးစလုံးလိုက်ပါသွားမည်ဟု သိရသည်။

ပြင်သစ်အသင်းတွင်ရွေးချယ်ခံထားရသောကစားသမားများမှာ ပဲရစ်တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ခြေစမ်းပွဲကစားရန် လိုက်ပါမည်ဆိုသည့်သတင်းများကို ငြင်းဆန်ပယ်ချကာအင်္ဂလန်တွင်သွားရောက်ကစားမည်ဟု အတည်ပြုလိုက်ခြင်းဖြစ်သည်။

ပြင်သစ်လက်ရွေးစင်လက်ဆာနာ ဒီယာရာ၏ ၀မ်းကွဲအစ်မတစ်ဦးမှာ ပဲရစ်တိုက်ခိုက်မှုဖြစ်စဉ်တွင် သေဆုံးခဲ့သူများထဲတွင်ပါဝင်ခဲ့ပြီး ဂရစ်ဇ်မန်း၏ညီမဖြစ်သူမှာမူ ၈၉ဦးသေဆုံးခဲ့သည် ဘတာကလန်ပြဇတ်ရုံတွင်လွတ်မြောက်ခဲ့ရကြောင်းသိရသည်။

အဆိုပါကစားသမားနှစ်ဦးစလုံးမှာ ပဲရစ်တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပေါ်ခဲ့သည့်နေ့က ဂျာမနီနှင့်ခြေစမ်းပွဲတွင် ၀င်ရောက်ကစားပေးနေကြောင်းသိရသည်။
ပြင်သစ်လက်ရွေးစင်နည်းပြ ဒက်စ်ချမ့်က ၎င်း၏ကစားသမားများအား အသင်းလူစာရင်းမှထွက်နိုင်ကြောင်းအခွင့်အရေးပေးခဲ့သော်လည်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကမူလက်ရွေးစင်အသင်းတွင်ပါဝင်နေသူများ ပါဝင်ကစားမည်ဟုအတည်ပြုခဲ့သည်။

ယင်းသို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်၏ထုတ်ပြန်ချက်အပေါ် အင်္ဂလန် လက်ရွေးစင်နည်းပြဟော့ဒ်ဆန်ကကြိုဆိုလိုက်ပြီး ယင်းအကြမ်းဖက်တိုက်ခိုက်မှုအပေါ် ဘောလုံးလောကမှဆန့်ကျင်ပါကြောင်းပြောခဲ့သည်။

comments

error: Content is protected !!