မက်ဆီ၊ အဂူရိုတို့မပါဝင်သည့် အာဂျင်တီးနားကို လျှော့တွက်၍မရကြောင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4

ကိုလံဘီယာအသင်းခေါင်းဆောင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ်ရင်ဆိုင်ရမည့် အာဂျင်တီးနားအသင်းတွင် မက်ဆီ၊ အဂူရိုတို့ ဒဏ်ရာကြောင့် မပါဝင်နိုင်သော်လည်း လျှော့တွက်၍မရကြောင်း၊ နိုင်ပွဲမရရှိသေးသည့် ရုန်းအားကြောင့် ခက်ခဲသည့်ပွဲစဉ်ဖြစ်လာနိုင်ကြောင်း အသင်းဖော်များအား သတိပေးပြောကြားခဲ့သည်။

၂၀၁၈ ကမ္ဘာ့ဖလား တောင်အမေရိကဇုန်ခြေစစ်ပွဲစဉ် ၃ အပြီးတွင် နိုင်ပွဲရရှိခြင်းမရှိသေးသည့် အာဂျင်တီးနားသည် အဆင့် ၉ နေရာတွင် ရပ်တည်လျက်ရှိပြီး ကိုလံဘီယာကမူ ဥရုဂွေးကိုသာ အရေးနိမ့်ထားခဲ့ပြီး ပီရူးအား အနိုင်ရရှိထားကာ ချီလီနှင့် သရေကျထားခြင်းကြောင့် ရမှတ် ၄ မှတ်ဖြင့် အဆင့် ၄နေရာတွင် ရပ်တည်လျက်ရှိသည်။

”နိုင်ပွဲလုံးဝမရရှိသေးတဲ့ အသင်းတစ်သင်းရဲ့ရုန်းအားကြောင့် သေချာပေါက်ခက်ခဲလာနိုင်ပါတယ်။ ဒေသတွင်းပြိုင်ဘက်ကောင်းဖြစ်သလို ထိပ်သီးကစားသမားတွေရဲ့ ခြေစွမ်းကြောင့် နိုင်ပွဲရဖို့ ရုန်းကန်ရမှာပါ။ အထူးသဖြင့် မက်ဆီ၊ အဂူရို တို့မပါဝင်နိုင်ဘူးဆိုပေမယ့် အာဂျင်တီးနားလူစာရင်းက အတောင့်တင်းဆုံးဖြစ်နေတုန်းပါပဲ” ဟု ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ဆိုသည်။

ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသည့် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီနှင့် တီဗက်ဇ်၊ အဂူရိုတို့မှာ ကိုလံဘီယာနှင့် ယှဉ်ပြိုင်ရမည့်  ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း အာဂျင်တီးနားနည်းပြမာတီနိုက အတည်ပြုပြောကြားထားခဲ့သည်။

comments

error: Content is protected !!