ရော်နယ်ဒို ၀တ်ဆင်ကစားခဲ့သည့် ကျောနံပါတ် ၇ အား အသင်းဟောင်း အန်ဒိုရင်ဟာ အနားပေး
|
ပေါ်တူဂီအမှတ်ပေးလိဂ်-၅ အသင်းတစ်သင်းဖြစ်သည့် အန်ဒိုရင်ဟာသည် ၎င်းတို့၏ လူငယ်စီမံကိန်းမှ ထွက်ပေါ်ခဲ့သည့် လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်သူ ရော်နယ်ဒိုဝတ်ဆင်ကစားခဲ့သည့် ကျောနံပါတ် ၇ အား အနားပေးခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုသည် အသက် ၇ နှစ်အရွယ်မှစ၍ အန်ဒိုရင်ဟာအသင်းတွင် လူငယ်ကစားသမားအဖြစ် ဖြတ်သန်းခဲ့သူဖြစ်ပြီး ၃ နှစ်အကြာတွင် နေစီယွန်နယ်အသင်းသို့ ပြောင်းရွှေ့ခဲ့ကာ ယင်းမှတစ်ဆင့် စပို့တင်းလစ္စဘွန်း၊ မန်ယူ၊ ရီးရဲလ်အသင်းများသို့ အဆင့်ဆင့်ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။
”ကမ္ဘာ့ထိပ်တန်းကစားတစ်ဦးကို မွေးထုတ်နိုင်ခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။ မထင်မရှား အသင်းငယ်လေးတစ်သင်းကနေ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးမွေးထုတ်နိုင်ခဲ့မယ်လို့ ထင်မထားခဲ့ပါဘူး။ အသင်းအတွက် ဂုဏ်တက်စရာကစားသမားတစ်ယောက်ကို အမှတ်ရနေစေဖို့အတွက် သူဝတ်ဆင်ကစားခဲ့တဲ့ ကျောနံပါတ်ကို အနားပေးဖို့ ဆုံးဖြတ်ခဲ့တာပါ ” ဟု အန်ဒိုရင်ဟာအသင်းဥက္ကဋ္ဌ ဂျို့စ်ဘာစီလာက ဆိုသည်။
Next : ကာရစ်၏ ဒဏ်ရာအခြေအနေမှာ ပြင်းထန်ဖွယ်ရှိကြောင်း အင်္ဂလန်နည်းပြသုံးသပ်