အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လာမည်သီတင်းပတ် အားကစားပွဲစဉ်အားလုံး ပြင်သစ်ရွှေ့ဆိုင်း
|
ပြီးခဲ့သည့်သောကြာနေ့က ပဲရစ်မြို့အတွင်း အကြမ်းဖက်တိုက်ခိုက်မှုခံခဲ့ရမှုများအပြီးတွင် လာမည့်တစ်ပတ်အတွင်း ယှဉ်ပြိုင်ကစားမည့် အားကစားပွဲစဉ်အားလုံး ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့သည်။
နိုင်ငံတော်အဆင့်အရေးပေါ်အခြေအနေ ကြေညာထားသဖြင့် လာမည့်တစ်ပတ်အတွင်း အားကစားပွဲစဉ်များ ရွှေ့ဆိုင်းခဲ့ရာတွင် ယနေ့ညတွင် ယှဉ်ပြိုင်မည့် ပြင်သစ်လိဂ်ဖလားပွဲစဉ်များ ပါဝင်သည့်အပြင် လာမည့်ရက်သတ္တပတ်အတွင်း ယှဉ်ပြိုင်မည့် အားကစားပွဲစဉ်များအားလုံးအား ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။
အင်္ဂလန်ကလပ်အသင်းများကလည်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံး ဒဏ်ရာရရှိခဲ့သူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပြိုင်ပွဲမစတင်မီ ၁ မိနစ်ငြိမ်သက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ဘောလုံးပွဲစဉ်များအားလုံးတွင်လည်း ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လက်ပတ်အနက်များတပ်ဆင်ကစားမည်ဖြစ်သကဲ့သို့ ပွဲများမစတင်မီ ၁ မိနစ်ငြိမ်သက်မည်ဟု သိရသည်။
Next : ယူရိုပြိုင်ပွဲကျင်းပရေးအဖွဲ့က ပြိုင်ပွဲမဖျက်သိမ်းဟု ဆို