ကာရစ်၏ ဒဏ်ရာအခြေအနေမှာ ပြင်းထန်ဖွယ်ရှိကြောင်း အင်္ဂလန်နည်းပြသုံးသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
စပိန်နှင့်ပွဲတွင် ဒဏ်ရာကြောင့် ထမ်းစင်ဖြင့်ထွက်သွားခဲ့ရသည့် ကာရစ်

အင်္ဂလန်အသင်းနည်းပြရွိုင်းဟော့ဆန်က စပိန်အသင်းနှင့်ခြေစမ်းပွဲစဉ်တွင်  ခြေကျင်းဝတ်အရွတ်ဒဏ်ရာရရှိခဲ့သည့် ကွင်းလယ်လူကာရစ်၏ ဒဏ်ရာအခြေအနေမှာ စစ်ဆေးမှုများ ထပ်မံပြုလုပ်ရမည်ဖြစ်သော်လည်း ပြင်းထန်ဖွယ်ရှိနေကြောင်း ဆိုခဲ့သည်။

ဝါရင့်ကွင်းလယ်လူ ကာရစ်သည် စပိန်အသင်းအား ၂-၀ ဂိုးဖြင့်အရေးနိမ့်ခဲ့သည့် ယင်းပွဲစဉ်တွင် ပြိုင်ဘက်ကစားသမားနှင့် ထိခိုက်မိ၍ ခြေကျင်းဝတ်တွင် ပြင်းထန်သည့် အရွတ်စုတ်ပြဲဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် လူစားလဲခံခဲ့ရပြီး စစ်ဆေးမှုများ ထပ်မံခံယူရမည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။

“ဒဏ်ရာအနေအထားက ပုံမှန်ခြေကျင်းဝတ်ဒဏ်ရာအဖြစ် ယူဆလို့ရပေမယ့် ကာရစ်ရဲ့အခြေအနေက တော်တော်လေးကို နာကျင်ခံစားနေရတဲ့ပုံစံ ဖြစ်နေခဲ့တဲ့အတွက် စိုးရိမ်စရာပါ။ အနားယူရမယ့်အချိန်ကို အတိအကျမသိရသေးပေမယ့် ဆေးစစ်မှုထပ်မံပြုလုပ်ပြီးမှ သတင်းထုတ်ပြန်ဖို့ စီစဉ်နေပါတယ်” ဟု ရွိုင်းဟော့ဆန်က ဆိုသည်။

ကာရစ်သည် ပြီးခဲ့သည့်ဘောလုံးရာသီတွင်လည်း မန်ယူအတွက်ကစားပေးခဲ့စဉ်က ယခုကဲ့သို့ပြင်းထန်သည့် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ၃လခန့်အနားယူခဲ့ရသူဖြစ်သည့်အပြင် ၎င်းသည်ကစားသမားဘ၀တစ်လျှောက်တွင် ခြေကျင်းဝတ်ဒဏ်ရာများ မကြာခဏရရှိလေ့ရှိပြီး ထိုဒဏ်ရာကို ၄ ကြိမ်ရရှိခဲ့ဖူးသည်။

comments

error: Content is protected !!