၂၀၁၅ ကမ္ဘာ့အကောင်းဆုံးဆုအား မက်ဆီရရှိလိမ့်မည်ဟု ရော်နယ်ဒို မှတ်ချက်ပြု

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲတွင် မက်ဆီနှင့် ရော်နယ်ဒိုအား အတူတွေ့ရစဉ်

လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်သူ ရော်နယ်ဒိုက ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအား ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသာရရှိလိမ့်မည်ဖြစ်ကြောင်း၊ နိုင်ငံအသင်းး၊ ကလပ်အသင်းများနှင့်အတူ အောင်မြင်မှုများရရှိသူသာ ယင်းဆုနှင့်ထိုက်တန်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် ပဏာမ ၂၃ ဦး စာရင်းထုတ်ပြန်ထားပြီးချိန်၌ ၂၁၀၅ ခုနှစ်အတွင်း ဘာစီလိုနာအသင်းနှင့်အတူ စံချိန်တင်အောင်မြင်မှုများရရှိခဲ့ခြင်း၊ နိုင်ငံအသင်းဖြစ်သည့် အာဂျင်တီးနားအသင်းတွင်လည်း အောင်မြင်မှုအထိုက်အလျောက်ရရှိခဲ့ခြင်းများကြောင့် အကောင်းဆုံးဆုအတွက် မက်ဆီက ရေပန်းအစားဆုံးဖြစ်နေခဲ့သည်။

”အရိုးသားဆုံး ပြောရရင် ကမ္ဘာ့အကောင်းဆုံးဆုကို မက်ဆီပဲ ရဖို့များပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း ရယူနိုင်ခဲ့တဲ့ မက်ဆီရဲ့အောင်မြင်မှုတွေက ကမ္ဘာ့အကောင်းဆုံးဆုနဲ့ အထိုက်တန်ဆုံးပါပဲ”ဟု ရော်နယ်ဒိုက ဆိုသည်။

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ပြီးခဲ့သည့်ဘောလုံးရာသီက ဘာစီလိုနာနှင့်အတူ အဓိကဆုဖလားများရယူနိုင်ခဲ့သည့်အပြင် ၂၀၁၅ ကိုပါအမေရိကဖလားပြိုင်ပွဲတွင် အာဂျင်တီးနားလက်ရွေးစင်အသင်းနှင့်အတူ ဒုတိယဆုရရှိခဲ့သည့်အတွက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုရရှိရန် ရေပန်းစားနေခြင်းဖြစ်သည်။

comments

error: Content is protected !!