မိုးသည်းထန်စွာရွာသွန်း၍ပွဲပျက်ခဲ့သည့် အာဂျင်တီးနားနှင့် ဘရာဇီးပွဲ ၁၄ရက်နေ့နံနက်တွင်ပြန်လည်ကစားမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usewebbra
ကွင်းမျက်နှာ ပြင်ပေါ်တွင် ရေများတင်ကျန်နေသည်ကို ပရိသတ်အချို့ကြည့်ရှုနေစဉ်။

အာဂျင်တီးနားနှင့် ဘရာဇီးအသင်းတို့၏ ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲတောင်အမေရိကဇုန်ပွဲစဉ်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပွဲရွှေ့ဆိုင်းခဲ့ရကြောင်းသိရသည်။

အဆိုပါပွဲစဉ်ကျင်းပမည့် Monumental ကွင်းတွင် မိုးပြင်းထန်စွာရွာသွင်းခဲ့သည့်အတွက် ကွင်းမျက်နှာပြင်တွင် ရေများစွာတင်ကျန်ခဲ့သည့်အပြင် ပရိသတ်များမှာလည်းကွင်းသို့လာရာတွင် လမ်းပိတ်ဆို့မှုများကြောင့်လာရောက်အားပေးရန်အခက်အခဲများစွာရှိခဲ့ကြောင်း သိရသည်။

မိုးသန်ထန်စွာရွာသွန်းခဲ့၍ ပွဲရွေ့ခဲ့သည့် ယင်းပွဲကို ၁၄ရက်နေ့ နံနက် ၆နာရီခွဲအချိန်တွင် ပြန်လည်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

ပွဲရွှေ့ခဲ့ရခြင်းနှင့်ပတ်သက်ပြီး ဘရာဇီးလက်ထောက်နည်းပြက”ကျွန်တော်တို့တွေ ပွဲကြီးကြပ်သူတွေ အာဂျင်တီးနားအသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ ဒီပွဲ ကစားဖို့ဘယ်လိုမှနည်းလမ်းမရှာနိုင်ခဲ့ဘူး။ ကွင်းပေါ်မှာလျှပ်စီးလက်တာတွေလည်းရှိနေခဲ့တယ်။”ဟုပြောခဲ့သည်။

comments

error: Content is protected !!