မော်ရင်ညိုရလဒ်ဆိုးများကြုံတွေ့နေခြင်းကို မမြင်တွေ့လိုကြောင်း မာတာ ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
စပိန်လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် မာတာ

ယခုနှစ်ဘောလုံးရာသီတွင် အဆိုးရွားဆုံးရလဒ်ဆိုးများနှင့်ကြုံတွေ့နေရသော ချဲလ်ဆီးနည်းပြမော်ရင်ညိုနှင့်ပတ်သက်၍ ကွင်းလယ်လူဟောင်း မာတာက ရုန်းကန်နေရခြင်းများကို မမြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။

ကွင်းလယ်လူမာတာမှာ ယခုဘောလုံးရာသီတွင် မန်ယူ၌ ၄ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ပေးထားနိုင်သော်လည်း ချဲလ်ဆီးအသင်းဖော်ဟောင်း ဟာဇက်မှာ ပုံမှန်ခြေစွမ်းရရှိရန် ရုန်းကန်နေရသည်။

ထိုဖြစ်ရပ်များနှင့်ပတ်သက်၍ မာတာက ”ကျွန်တော်ဟာ တခြားသူတွေ ဒုက္ခရောက်အောင် မတွေးခဲ့သလို သူများတွေရလဒ်ဆိုးနေတာကို ပျော်နေတဲ့လူစားမျိုးမဟုတ်ပါဘူး။ တခြားသူတွေရှုံးပြီး ခြေစွမ်းမပြနိုင်တာကိုလည်း ကျေနပ်နေတဲ့သူ မဟုတ်ဘူး။ ကျွန်တော်က အဲဒီလိုလူစားမျိုး လုံးဝမဟုတ်ဘူး။ ချဲလ်ဆီးကို ကျွန်တော်အရမ်းကျေဇူးတင်တယ်လို့ အမြဲပြောခဲ့ပါတယ်။ အဲဒီမှာ ကစားသမားဘ၀တစ်လျှောက် ကျွန်တော့်ရဲ့အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့တာပါ။ ကျွန်တော်တို့ ဆုဖလားတွေ သိမ်းပိုက်နိုင်ခဲ့တယ်။ ပြီးတော့မှ ကစားသမားကောင်းတစ်ယောက်ဖြစ်လာခဲ့တယ်လို့ ကျွန်တော်ထင်တယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါစပိန်ကွင်းလယ်လူမှာ ချဲလ်ဆီးအသင်းတွင် ၃ နှစ်ကြာကစားခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်၌ ပေါင် ၃၇.၁ သန်းဖြင့် မန်ယူသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

comments

error: Content is protected !!