အီတလီနည်းပြကွန်တီ၏ အနာဂတ်မှာ ယူရို-၂၀၁၆ ရလဒ်ပေါ် မူတည်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အီတလီအသင်းနှင့်အတူ ဘယ်ဂျီယံသို့ ယမန်နေ့က ရောက်ရှိလာသည့် ကွန်တီ

ယူရိုခြေစစ်ပွဲအောင်မြင်ခဲ့ပြီးဖြစ်သည့် အီတလီလက်ရွေးစင်အသင်းနည်းပြ ကွန်တီက ၎င်း၏အနာဂတ်အခြေအနေမှာ  ယူရို-၂၀၁၆ ပြိုင်ပွဲရလဒ်အပေါ်တွင် မူတည်နေကြောင်း၊ အောင်မြင်မှုရရှိရန် ပြိုင်ပွဲကာလအတွင်း အခက်အခဲများစွာနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၀န်ခံပြောကြားသွားခဲ့သည်။

ကွန်တီသည် အီတလီလက်ရွေးစင်အသင်းအား ယူရိုခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးထားနိုင်သည့်အပြင် လက်ရှိအချိန်အထိ ၁၄ ပွဲ တာဝန်ယူကိုင်တွယ်ထားရာတွင် ၁ ပွဲသာ ရှုံးနိမ့်ထားခဲ့ပြီး ၉ ပွဲအထိ နိုင်ပွဲရရှိထားသည့် အခြေအနေများကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၏ စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းမှုကိုပင် လက်ခံရရှိထားသူဖြစ်သည်။

”ယူရို-၂၀၁၆ ပြိုင်ပွဲက နည်းပြဘ၀ရဲ့ အမြင့်ဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့အတွက် အခက်အခဲတွေရှိလာမှာကို ၀န်ခံပါတယ်။ အောင်မြင်မှုရရှိဖို့ မလွယ်ကူနိုင်ပါဘူး။ နည်းပြအဖြစ် ဆက်ရှိနေဖို့အတွက်က ရိုးရှင်းတဲ့အဖြေတစ်ခုလို့ထင်ပါတယ်။ ပြိုင်ပွဲအောင်မြင်မှုအခြေအနေအပေါ်မှာ မူတည်နေပါတယ် ” ဟု နည်းပြကွန်တီက ဆိုသည်။

ဂျူဗင်တပ်နှင့်အတူ အောင်မြင်မှုများစွာရရှိခဲ့သည့် ကွန်တီအား စိတ်ဝင်စားနေသည့် အသင်းများတွင် စီးရီးအေထိပ်သီးအသင်းများဖြစ်သည့် အေစီမီလန်၊ ရိုးမားတို့အပြင် ပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီးနှင့် ပြင်သစ်လိဂ်ချန်ပီယံ ပီအက်စ်ဂျီတို့လည်း ပါဝင်လျက်ရှိသည်။

comments

error: Content is protected !!