ခြေထောက်ခွဲစိတ်မှုခံယူခဲ့သည့် ကွင်းလယ်လူဗလင်စီယာ ၅ လခန့်အနားယူရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မန်ချက်စတာဒါဘီတွင် ဒဏ်ရာရရှိသွားသည့် ဗလင်စီယာ

မန်ယူတောင်ပံကစားသမားဗလင်စီယာသည် မန်စီးတီးနှင့်ယှဉ်ပြိုင်ခဲ့သော မန်ချက်စတာဒါဘီပွဲစဉ်တွင် ဘယ်ခြေထောက်ဒဏ်ရာရရှိခဲ့သဖြင့် ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက်  ၅ လခန့်အနားယူရမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအီကွေဒေါတောင်ပံကစားသမား၏ ခြေထောက်ဒဏ်ရာကို ယခုတစ်ပတ်တွင် ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး အောင်မြင်မှုရှိခဲ့သော်လည်း ဒဏ်ရာပြင်းထန်သောကြောင့် ၅ လခန့်အနားယူရခြင်းဖြစ်သည်။

ဗလင်စီယာ၏ ဘယ်ခြေထောက်ဒဏ်ရာမှာ လာမည့်နှစ်ဧပြီလကုန်အထိ သက်သာရန်မလွယ်ကူသောကြောင့် မန်ယူအသင်းက စိုးရိမ်မိသည်ဟု အတည်ပြုပြောကြားခဲ့သည်။

ယခုကဲ့သို့ ဗလင်စီယာဒဏ်ရာရရှိခြင်းသည် ခံစစ်ကစားသမားအများစုဒဏ်ရာရရှိနေသည့် မန်ယူနည်းပြဗန်ဟားလ်အတွက် ဖိအားတစ်ခုထပ်တိုးခဲ့ခြင်းလည်းဖြစ်သည်။

comments

error: Content is protected !!