ခြေဖ၀ါးဒဏ်ရာကြောင့် ခြေစစ်ပွဲ ပ-ကျော့ပွဲစဉ်ကို ရှိန်းလောင်းလွဲချော်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘော့စနီးယားနှင့်ပွဲတွင် ပါဝင်နိုင်မည်မဟုတ်သည့် ရှိန်းလောင်း

အိုင်ယာလန်တိုက်စစ်မှူးရှိန်းလောင်းသည် ယူရို-၂၀၁၆ Play-off ပထမအကျော့အဖြစ် ယခုတစ်ပတ် စနေနေ့တွင် ဘော့စနီးယားအသင်းနှင့်ယှဉ်ပြိုင်မည့်ပွဲကို ခြေဖ၀ါးဒဏ်ရာကြောင့် လွဲချော်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆောက်သမ်တန်တိုက်စစ်မှူးမှာ ဂျာမနီနှင့်ယှဉ်ပြိုင်ခဲ့သော ယူရို-၂၀၁၆ ခြေစစ်ပွဲတွင် ခြေဖ၀ါးဒဏ်ရာရရှိခဲ့ပြီးနောက် နောက်ဆုံးပွဲဖြစ်သည့် ပိုလန်ကို ၂-၁ ဂိုးဖြင့်အရေးနိမ့်သော ပွဲကိုပါလွဲချော်ခဲ့ရသည်။

အိုင်ယာလန်တိုက်စစ်မှူးရှိန်းလောင်းမှာ ဘော့စနီးယားနှင့်ယှဉ်ပြိုင်မည့် ပထမအကျော့ပွဲစဉ်ကိုလွဲချော်မည်ဖြစ်သော်လည်း လာမည့်တစ်ပတ် တနင်္လာနေ့တွင်ကစားမည့် ဒုတိယအကျော့ပွဲစဉ်၌ ပြန်လည်ပွဲထွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

တိုက်စစ်မှူးရှိန်းလောင်းနှင့်အတူ တိုက်စစ်မှူးဝေါ်လ်တာမှာ ပွဲပယ်ပြစ်ဒဏ်ခံထားရသောကြောင့် အိုင်ယာလန်တိုက်စစ်နေရာတွင် အစ်ဝစ်ခ်ျတိုက်စစ်မှူးမာဖီပွဲထွက်ခွင့်ရနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

comments

error: Content is protected !!