အာဂျင်တီးနားနှင့် ယှဉ်ပြိုင်မည့်ပွဲတွင် တိုက်စစ်မှူးနေမာ ပြန်လည်ပွဲထွက်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပွဲပယ်ပြစ်ဒဏ်မှလွတ်မြောက်ပြီး ဘရာဇီးအတွက် ပြန်လည်ပါဝင်လာမည့် နေမာ

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အာဂျင်တီးနှင့်ယှဉ်ပြိုင်မည့်ပွဲတွင် ၄ ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရသော ဘရာဇီးတိုက်စစ်မှူးနေမာ ပြန်လည်ပွဲထွက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါခြေစစ်ပွဲ အိမ်ရှင်အဖြစ်လက်ခံကစားမည့် အာဂျင်တီးနားအသင်းမှာ ခြေစစ်ပွဲ ၂ ပွဲကစားပြီးချိန်တွင် နိုင်ပွဲပျောက်ဆုံးမှုကြောင့် ရလဒ်ဆိုးများနှင့်ရင်ဆိုင်နေရပြီး အဓိကကစားသမားများဖြစ်သော မက်ဆီ၊ အဂူရိုနှင့် တီဗက်ဇ်တို့မှာ ဒဏ်ရာပြဿနာများကြောင့် ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်း သိရသည်။

အာဂျင်တီးနားနှင့်ပွဲတွင် ပြန်လည်ပွဲထွက်ခွင့်ရရှိမည့် ဘရာဇီးတိုက်စစ်မှူးနေမာသည် ပြီးခဲ့သည့်ဇွန်လက ကျင်းပခဲ့သော ကိုပါအမေရိကဖလားပြိုင်ပွဲ၌ ကိုလံဘီယာအသင်းကို ၁-၀ ဂိုးဖြင့်ရှုံးနိမ့်သည့်ပွဲတွင် ကိုလံဘီယာကစားသမားအာမီရိုကို ဘောလုံးဖြင့် တည်ကန်ခဲ့သောကြောင့် ဘက်ကာနှင့်အချင်းများပြီး ၄ ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရခြင်းဖြစ်သည်။

comments

error: Content is protected !!