ခံစစ်ကစားခြင်းသည် မိမိပုံစံမဟုတ်ဟု မြန်မာနည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usewebmm
 မြန်မာ့လက်ရွေးစင်နည်းပြဂတ်ဆီဇီ အားတောင်ကိုရီးယားအသင်းလေ့ကျင့်ရေးကွင်းတွင်တွေ့ရစဉ်။

နိုဝင်ဘာ ၁၂။
အောင်သော်ဖြိုး။
ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မိမိတို့အသင်းထက် ပိုမိုသာလွန်သည့်တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်းစိုးရိမ်မည်မဟုတ်ဘဲ ခံစစ်ကစားခြင်းသည် မိမိပုံစံမဟုတ်ကြောင်းမြန်မာလက်ရွေးစင်နည်းပြ ဂတ်ဆီဇီက ဆိုသည်။

“ကျွန်တော်စိုးရိမ်နေမှာမဟုတ်ဘူး။ တခုခုလုပ်ပြနိုင်ပါ”ဟု ၎င်းကဆိုသည်။

တောင်ကိုရီးယားအသင်းတွင် ပရီးမီးယားလိဂ်၊ ဘွန်ဒက်စ်လီဂါမှ ကစားသမားများပါဝင်ပြီး မိမိအသင်းထက် ကမ္ဘာ့အဆင့် ပိုမိုမြင့်မားသော်လည် ကစားသမားများကို အကောင်းဆုံးပြင်ဆင်ထားကာ ပွဲအခြေအနေပေါ်မူတည်ပြီး ကစားကွက်ပြောင်းလဲသွားမည်ဟု ၎င်းကဆိုသည်။

တောင်ကိုရီးယားတွင် ယှဉ်ပြိုင်ရသည့် မိမိအသင်း ပရိသတ်များကြောင့် ကစားသမားများအားတက်နိုင်ပြီး အနိုင်ရလဒ်ရအောင် ယှဉ်ပြိုင်သွားမည်ဟု တောင်ကိုရီးယားနည်းပြဖြစ်သူကဆိုသည်။

မြန်မာအသင်းနှင့် တောင်ကိုရီးယားအသင်းတို့သည် ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် နိုဝင်ဘာလ ၁၂ရက် ညနေ ငါးနာရီခွဲတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး Channel 7 မှတိုက်ရိုက်ပြသမည် ဖြစ်ကြောင်းသိရသည်။
usewebmm1

comments

error: Content is protected !!