ဘရာဇီး၏ တန်ပြန်တိုက်စစ်ကို သတိပြုရမည်ဟု အာဂျင်တီးနားနည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘရာဇီး၏ တန်ပြန်တိုက်စစ်ကို စိုးရိမ်သည့် အာဂျင်တီးနားနည်းပြ မာတီနို

အာဂျင်တီးနားနည်းပြမာတီနိုက ဒဏ်ရာရကစားသမားများရှိနေသည့်အတွက် ဘရာဇီးနှင့်ပွဲစဉ်တွင် အခက်အခဲများရှိလာနိုင်ကြောင်း၊ ပြိုင်ဘက်အသင်း၏ တန်ပြန်တိုက်စစ်ကို သတိပြုရမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

၂၀၁၈ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် ၂ ပွဲအပြီးတွင် နိုင်ပွဲလုံးဝမရသေးသည့်  အာဂျင်တီးနားအသင်းသည် အဆင့် ၇ နေရာတွင် ရပ်တည်လျက်ရှိပြီး အဓိက ကစားသမားများဖြစ်သည့် အသင်းခေါင်းဆောင်မက်ဆီ၊ အဂူရို၊ တီဗက်ဇ် တို့ဒဏ်ရာပြဿနာရှိနေသည့်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

“မက်ဆီမပါဝင်နိုင်တာက အသင်းအတွက် အများကြီးနစ်နာမှုတွေရှိပါတယ်။ အသင်းရဲ့ နိုင်ပွဲတစ်ပွဲက မက်ဆီအပေါ်မှာ အများကြီးမူတည်သလို ပထမဦးဆုံးနိုင်ပွဲရယူဖို့အတွက်လည်း အခက်အခဲတွေရှိလာနိုင်ပါတယ်။ အထူးသဖြင့် ပြိုင်ဘက်အသင်းရဲ့ တန်ပြန်တိုက်စစ်က အန္တရာယ်ရှိလာနိုင်ပါတယ်”ဟု နည်းပြမာတီနိုက ဆိုခဲ့သည်။

comments

error: Content is protected !!