ဆန်းဒါးလန်းဂိုးသမားဟောင်း မာတင်ဖူလော့ပ် ကင်ဆာရောဂါဖြင့် ကွယ်လွန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အသက် ၃၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည့် ဂိုးသမားဖူလော့ပ်

ပရီးမီးယားလိဂ်အသင်းများဖြစ်သည့် စပါး၊ ဆန်းဒါးလန်း၊ လက်စတာ၊ စတုတ်စီးတီး၊ ၀က်စ်ဘရွန်းအသင်းနှင့်အတူ  ပရီးမီးယားလိဂ်ပွဲပေါင်းများစွာ ပါဝင်ကစားခဲ့ဖူးသည့် ဟန်ဂေရီလက်ရွေးစင်ဂိုးသမားဟောင်းဖြစ်သူ မာတင်ဖူလော့ပ်သည် ကင်ဆာရောဂါဖြင့် အသက် ၃၂နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း ဟန်ဂေရီကလပ် ဘူဒါပတ်အသင်းက သတင်းထုတ်ပြန်ခဲ့သည်။

ဂိုးသမားဖူလော့ပ်သည် လက်မောင်းတွင် အကျိတ်ဖြစ်ပွားခဲ့ရာမှ တစ်ဆင့်ကင်ဆာရောဂါဖြစ်ပွားခဲ့ခြင်းကြောင့် ၂၀၁၃ ခုနှစ်တွင် ကစားသမားဘ၀မှအနားယူခဲ့ပြီးနောက် ခွဲစိတ်ကုသမှုခံခဲ့ရာတွင် အောင်မြင်ခဲ့သော်လည်း ယင်းကင်ဆာရောဂါဖြင့်ပင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏မိသားစုမှ အတည်ပြုခဲ့သည်။

ပရီးမီးယားလိဂ်ပွဲပေါင်း ၁၀၀ ကျော်ပါဝင်ကစားခဲ့ဖူးသည့် ဂိုးသမားဖူလော့ပ်ကွယ်လွန်ခဲ့ခြင်းနှင့် ပတ်သက်၍ ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် ချဲလ်ဆီး၊ အာဆင်နယ်၊ အဲဗာတန်အသင်းတို့မှ ၀မ်းနည်းကြောင်းသ၀ဏ်လွှာပေးပို့ခဲ့ပြီး အသင်းဟောင်းဆန်းဒါးလန်း၊ အစ်ဆွစ်ခ်ျ၊  ၀က်စ်ဘရွန်းအသင်းတို့ကလည်း မိသားစုနှင့်ထပ်တူ ၀မ်းနည်းပါကြောင်း၎င်းတို့၏ တရားဝင်တွစ်တာစာမျက်နှာများမှ တစ်ဆင့်ဖော်ပြခဲ့ကြသည်။

comments

error: Content is protected !!