ချဲလ်ဆီးသို့ပြန်လာရန် ပြဿနာမရှိကြောင်း အန်စလော့တီပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချဲလ်ဆီးသို့ပြန်လာရန် ပြဿနာမရှိဟု စကားလမ်းဖွင့်ခဲ့သည့် အန်စလော့တီ

ချဲလ်ဆီးအသင်းကို ၂၀၀၉ ခုနှစ်မှစ၍ ၂၀၁၁ ခုနှစ်အထိ ကိုင်တွယ်နည်းပြခဲ့သော အန်စလော့တီက အသင်းဟောင်းသို့ ပြန်လာရန် ပြဿနာမရှိကြောင်းပြောကြားခဲ့သည်။

ထို့အပြင် အီတလီလူမျိုးနည်းပြက လက်ရှိဖိအားများနှင့်ရင်ဆိုင်နေရသော နည်းပြမော်ရင်ညို၏ အနာဂတ်ကို ချဲလ်ဆီးအသင်းကသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အန်စလော့တီမှာ ချဲလ်ဆီးအသင်းကိုတာဝန်ယူခဲ့သည့် ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ပထမဆုံးနှစ်တွင် ဆုဖလား ၂ လုံးဆွတ်ခူးပေးနိုင်ခဲ့သည်။

ထို့နောက် အန်စလော့တီမှာ ၂၀၁၀-၁၁ ဘောလုံးရာသီနောက်ဆုံးပွဲအဖြစ် အဲဗာတန်နှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် အရေးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းမှ ထုတ်ပယ်ခံခဲ့ရသည်။

ချဲလ်ဆီးအသင်းနှင့်ပတ်သက်၍ အန်စလော့တီက ”ချဲလ်ဆီးကိုပြန်လာဖို့ ဘာပြဿနာမှမရှိပါဘူး။ ဒါပေမဲ့ မော်ရင်ညိုကလည်း မထွက်ခွာသေးပါဘူး။ ချဲလ်ဆီးကလည်း မော်ရင်ညိုကိစ္စ ရွေးချယ်ခွင့်ရှိပါတယ်။ သူတို့ အကောင်းဆုံးရွေးချယ်မှုပြုလုပ်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါရီးရဲလ်နည်းပြဟောင်း အန်စလော့တီက ချဲလ်ဆီးနည်းပြမော်ရင်ညိုမှာ အသင်းပိုင်ရှင်အေဘရာမိုဗစ်၏ ထောက်ခံမှုရရှိထားသူဖြစ်ပြီး ယခုဘောလုံးရာသီတွင် အသင်းသို့ပြန်လာမည်မဟုတ်ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!