မနောမြေနည်းပြဟောင်း အီမာဆင်နှင့် ဘရာဇီးတိုက်စစ်မှူးတစ်ဦးအား ရန်ကုန်ယူနိုက်တက် စာချုပ်ချုပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
useweb
ရန်ကုန်ယူနိုက်တက်အသင်းလေ့ကျင့်ရေးကွင်းတွင် အီမာဆင်အားတွေ့ရစဉ်။

နိုဝင်ဘာ ၁၁။
အောင်သော်ဖြိုး။

ရန်ကုန်ယူနိုက်တက်အသင်းက မနောမြေနည်းပြဟောင်းဘရာဇီးလူမျိုး အီမာဆင်ကို နိုဝင်ဘာ ၁၁ရက်နေ့ မနက်ပိုင်းက တစ်ရာသီစာချုပ်ချုပ်ဆိုခဲ့ကြောင်း ရန်ကုန်အသင်း မန်နေဂျာ ဦးမြင့်သိန်းက ဆိုသည်။

အီမာဆင်သည် နိုဝင်ဘာလ ၁၀ရက်နေ့က ပြုလုပ်ခဲ့သည့်ရန်ကုန်အသင်း၏ လေ့ကျင့်ရေးအစီအစဉ်တွင် စတင်ကာ အသင်းကိုရောက်ရှိခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် တရားဝင်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းနည်းပြသစ်အဖြစ်ခန့်အပ်ခံခဲ့ရသည့် နည်းပြအီမာဆင်က ” ရန်ကုန်လို အသင်းမျိုးနဲ့ လက်တွဲရတာ အလွန်ကို ဂုဏ်ယူပါတယ်။ သူတို့ရဲ့ နောက်နှစ် ရည်မှန်းချက်က အာရှအဆင့်ပြိုင်ပွဲတွေမှာ အောင်မြင်မှု ရဖို့ပါ။ဒီအတွက် အကောင်းဆုံး ဖြစ်အောင် ကျွန်တော်ပြင်ဆင်ဆောင်ရွက်သွားမှာပါ။ လိုအပ်တဲ့ ပြည်ပ ကစားသမားသစ်အချို့ ထပ်ခေါ်ယူသွားပါ့မယ်။ နောက်ပြီး လက်ရှိ ပြည်တွင်း အမှတ်ပေး ချန်ပီယံ သရဖူကို ကာကွယ်သွားမှာပါ” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

အီမာဆင်မှာ အရည်အချင်းရှိသည့် နည်းပြတစ်ဦးဖြစ်သည့်အပြင် မြန်မာနေရှင်နယ်လိဂ်နှင့် အကျွမ်းတဝင်ရှိသည့်အတွက် ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု အသင်းတာဝန်ရှိသူ ဦးမြင့်သိန်းက ရှင်းပြသည်။

ရန်ကုန်အသင်းနည်းပြသစ် အီမာဆင်သည် ရန်ကုန်အသင်းဝင်ရောက်ယှဉ်ပြိုင်မည့် တိုယိုတာမဲခေါင်ဖလားတွင် စတင်ကာ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်ဟု သိရသည်။ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ဖလားကို လေးကြိမ်တိုင်ရရှိထားသည့်အသင်းဖြစ်ပြီးနည်းပြအီမာဆင်၏
အသင်းဟောင်း မနောမြေအသင်းသည်၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီတွင် MNL-2သို့တန်းဆင်းခဲ့ရသည်။

ဆက်စပ်သတင်းအရ ရန်ကုန်ယူနိုက်တက်အသင်းသည် ဘရာဇီးတိုက်စစ်မှူး အက်ဒီဆင် ဒေါ့စ်ဆန်းတို့စ်အား တစ်ရာသီစာချုပ်ဖြင့်ခေါ်ယူခဲ့ပြီး အသက်၂၈နှစ်အရွယ်ရှိ ယင်းတိုက်စစ်မှူးမှာယခင်က ဘရာဇီးနာမည်ကြီးထိပ်တန်းအသင်းကိုရစ်သီယန်အသင်းတွင်၂၀၁၂ ခုနှစ်က ၁၁ ပွဲပါဝင်ကစားခဲ့သူဖြစ်သလို နောက်ဆုံးဝင်ရောက်ကစားပေးခဲ့သည့် Esporte Clube XV de Novembro ကလပ်မှာလည်း ဆော်ပေါ်လိုပြည်နယ်၏ အကောင်းဆုံးအသင်းများထဲတွင် တစ်သင်းအပါအ၀င်ဖြစ်ကြောင်းသိရသည်။

usewebygn

ရန်ကုန်ယူနိုက်တက်အသင်းတွင် ဘရာဇီးတိုက်စစ်မှူး အက်ဒီဆင် ဒေါ့စ်ဆန်းတို့စ် လေ့ကျင့်ခန်းပြုလုပ်နေစဉ်။

“ရန်ကုန် ယူနိုက်တက် အသင်းဟာ မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံး ကလပ်ဆိုတာ အေးဂျင့်ပြောထားလို့ သိပါတယ်။ ဘရာဇီး ကစားသမားတွေလည်း ဒီမှာ အောင်မြင်မှုတွေ အများကြီး ရခဲ့ကြပါတယ်။ ဒါကြောင့် ကျွန်တော် ရန်ကုန် ယူနိုက်တက်ကို ရောက်ရှိခဲ့တာပါ။ ကျွန်တော်အနေနဲ့တော့ အကောင်းဆုံး ခြေစွမ်းပြပြီး အသင်းအတွက်ပေးဆပ်သွားမှာပါ” ဟု အက်ဒီဆင်ကပြောကြားခဲ့သည်။

အက်ဒီဆင်သည် ယနေ့ညနေ လေ့ကျင့်ရေး အစီအစဉ်တွင် ရန်ကုန် ယူနိုက်တက် အသင်းနှင့် စတင် ပူးပေါင်းမည်ဖြစ်ပြီး တိုယိုတာ မဲခေါင် ပြိုင်ပွဲတွင်လည်း ပါဝင် ကစားမည်ဖြစ်သည်။

comments

error: Content is protected !!