ဒူးဒဏ်ရာကြောင့် အာဂျင်တီးနားတိုက်စစ်မှူး တီဗက်ဇ် ဘရာဇီးနှင့်ပွဲ လွဲချော်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဒူးဒဏ်ရာကြောင့် ဘရာဇီးနှင့်ပွဲကို လွဲချော်တော့မည့် တီဗက်ဇ်

အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး တီဗက်ဇ်သည် ဘိုကာဂျူနီယာအသင်းနှင့်အတူ ပြည်တွင်းလိဂ်ပွဲစဉ်များယှဉ်ပြိုင်ကစားခဲ့ရာ၌ ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် ဒေသတွင်းခါးသီးပြိုင်ဘက် ဘရာဇီးနှင့်ယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အား လွဲချော်တော့မည်ဖြစ်ကြောင်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၈ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ် ၂ ပွဲကစားပြီးချိန်၌ နိုင်ပွဲလုံးဝမရရှိသေးသည့် အာဂျင်တီးနားအသင်းသည် အဓိက ကစားသမားများဖြစ်သည့် အသင်းခေါင်းဆောင်မက်ဆီ၊ အဂူရို၊ ဇာဘလက်တာ၊ ဂါရေးလ်တို့ ဒဏ်ရာရရှိနေခဲ့ချိန်တွင် တီဗက်ဇ်လည်း ထပ်မံဒဏ်ရာရရှိခဲ့ခြင်းကြောင့် နည်းပြမာတီနိုအတွက် အခက်အခဲများရှိလာသည်။

တီဗက်ဇ်မှာ လက်ရွေးစင်အသင်းနှင့်အတူ လေ့ကျင့်မှုများပြုလုပ်ခဲ့သော်လည်း ဒဏ်ရာကြောင့်အကောင်းဆုံးပြုလုပ်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ဆေးစစ်ချက်ရလဒ်များအရ ဒူးဒဏ်ရာနှင့်ကြွက်သားဒဏ်ရာကြောင့် ဘရာဇီးနှင့်ပွဲစဉ်ကို ပါဝင်ကစားနိုင်တော့မည်မဟုတ်ကြောင်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ခဲ့သည်။

comments

error: Content is protected !!