ဆမ်ဒိုးရီးယားနည်းပြသစ်အဖြစ် မွန်တဲလ်လား ခန့်အပ်ခံရဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဖီအိုရင်တီးနားကို တာဝန်ယူစဉ်က မွန်တဲလ်လားအား တွေ့ရစဉ်

စီးရီးအေကလပ် ဆမ်ဒိုးရီးယားအသင်းသည် ရလဒ်ကောင်းများရရှိရန် ရုန်းကန်နေရသည့် နည်းပြဇန်ဂါအား ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်အဖြစ် ဖီအိုရင်တီးနားနည်းပြဟောင်း မွန်တဲလ်လားအားခန့်အပ်တာဝန်ပေးရန် အပြီးသတ်သဘောတူညီမှုများရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

အသက် ၅၅ နှစ်အရွယ်ရှိ နည်းပြဟောင်းဇန်ဂါသည်  အေစီမီလန်အသင်းသို့ပြောင်းရွှေ့ခဲ့သည့်နည်းပြမီဟိုင်းလိုဗစ်၏နေရာတွင် အစားထိုးတာဝန်ယူကိုင်တွယ်ခဲ့ရာတွင် စီးရီးအေပွဲစဉ် ၁၂ ပွဲကစားခဲ့ပြီးရာ၌ နိုင်ပွဲ ၄ ပွဲသာရယူပေးနိုင်ခဲ့သည့်အတွက် ဝေဖန်မှုများခံခဲ့ရပြီးနောက်ယခုကဲ့သို့ ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိထွက်ပေါ်နေသည့်သတင်းများအရ ဆမ်ဒိုးရီးယားအသင်းတာဝန်ရှိသူများသည် လစ်လပ်နေသည့် နည်းပြနေရာအတွက် နည်းပြအချို့အား ကမ်းလှမ်းမှုများပြုလုပ်လျက်ရှိနေပြီး အီတလီအားကစားသမားမီဒီယာတစ်ခုဖြစ်သည့် Sky Sport Italia ကမူ နည်းပြမွန်တဲလ်လားနှင့် အပြီးသတ်သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း အခိုင်အမာသတင်းဖော်ပြခဲ့သည်။

comments

error: Content is protected !!