ရန်ကုန်ယူနိုက်တက်နည်းပြသစ်နှင့် တွေ့ဆုံမေးမြန်းခြင်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
useweb
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် အီမာဆင်

နိုဝင်ဘာလ ၁၁ရက်နေ့ မနက်ပိုင်းက ရန်ကုန်အသင်းသို့ တစ်ရာသီစာချုပ်ဖြင့် ရောက်ရှိလာသည့် မနောမြေ၊ တီမောအသင်းတို့၏ နည်းပြဟောင်း အီမာဆင်ကို ရန်ကုန်ယူနိုက်တက်နှင့် ပတ်သက်သည့် အကြောင်းအရာများအား တွေ့ဆုံမေးမြန်းမှုကို ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

အောင်သော်ဖြိုး တွေ့ဆုံမေးမြန်းသည်။

မေး – ရန်ကုန်အသင်းကို ပြောင်းရွှေ့ဖို့ ဘယ်လိုအချက်တွေကြောင့် စဉ်းစားခဲ့တာလဲ။
ဖြေ – ရန်ကုန်အသင်းဥက္ကဋ္ဌရဲ့ ကမ်းလှမ်းမှုအပြင် တခြားအသင်းက ကမ်းလှမ်းမှုတွေလည်း ရခဲ့ပါတယ်။ ဒါပေမယ့် ရန်ကုန်အသင်းနဲ့ေ ကာင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့တဲ့အတွက် ကမ်းလှမ်းမှုကို လက်ခံခဲ့တာပါ။

မေး – ရန်ကုန်အသင်းက MNL မှာ အောင်မြင်မှုတွေရထားတဲ့အသင်းနဲ့ လက်ရှိချန်ပီယံအသင်းဖြစ်တာကြောင့် ဒီလိုအသင်းမှာ နည်းပြလုပ်ရတာ ဖိအားများရှိနေမလား။
ဖြေ – ကျွန်တော်က နိုင်ငံတကာအဆင့် နည်းပြတစ်ယောက်ပါ။ တီမောအသင်းနည်းပြချုပ်အနေနဲ့ ပြိုင်ပွဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ဖူးတယ်။ ရန်ကုန်အသင်းကို ကိုင်တွယ်ရတာ ဘယ်လိုဖိအားမှ မရှိနေပါဘူး။

မေး – ရန်ကုန်အသင်းနဲ့ လက်ရှိ ဘယ်လိုပြင်ဆင်မှုတွေကို လုပ်နေလဲ။
ဖြေ – လက်ရှိ ကစားသမားတွေရဲ့ စုဖွဲ့မှု၊ ခြေစွမ်းပိုင်းကို လေ့လာနေတယ်။ တိုယိုတာမဲခေါင်ဖလားအတွက် ပထမဆုံး ပြင်ဆင်ပါမယ်။ ရန်ကုန်အသင်းနဲ့ AFC Cup မှာ အနည်းဆုံးရှုံးထွက် အဆင့်ရောက်အောင် ကြိုးစားမယ်။ နောက်ပြီး လက်ရှိချန်ပီယံဘွဲ့ကိုလည်း ကာကွယ်သွားမှာပါ။

မေး- တိုယိုတာမဲခေါင်ဖလားက ရန်ကုန်အသင်းနဲ့ ပထမဆုံးပြိုင်ပွဲဖြစ်မယ်ဆိုတော့ အောင်မြင်မှု ဘယ်လောက်ထိ မှန်းထားလဲ။
ဖြေ – ဘောလုံးပြိုင်ပွဲ တစ်ခုမှာ ပထမဆုံး အုပ်စုအဆင့်လွတ်မြောက်ဖို့ စဉ်းစားရပါတယ်။ တစ်ဆင့်ချင်း သွားရပါတယ်။ ချန်ပီယံဆုကို မှန်းလားဆိုတော့ ဘောလုံးပွဲတခုမှာ ရာသီဥတု၊ ဒိုင်လူကြီးစတဲ့ အချက်တွေကြောင့်တောင် ရလဒ်ပြောင်းသွားနိုင်တယ်။ အဲဒီအတွက် ပထမဆုံးယှဉ်ပြိုင်တဲ့ပွဲကိုပဲ အနိုင်ရအောင် အာရုံစိုက်သွားမှာပါ။ ရန်ကုန်အသင်းက အောင်မြင်မှုတွေ ဆာလောင်နေတဲ့အသင်းတစ်သင်းဆိုတာ ရာနှုန်းပြည့်ဖြစ်လို့ အကုန်လုံးက ကြိုးစားကြမှာပါ။

မေး – ဘရာဇီးလူမျိုးတိုက်စစ်မှူး ဒေါ့ဆန်းတို အက်ဒီဆင်ကို ခေါ်ယူထားတယ်။ နောက်ထပ် ဘယ်နေရာတွေအတွက် ထပ်ခေါ်ဖို့ပြင်ဆင်ထားသေးလဲ။
ဖြေ – အက်ဒီဆင်က ဒုတိယတိုက်စစ်မှူးနေရာရော ကွင်းလယ်ပါကစားနိုင်တယ်။ အသင်းအတွက် နောက်တန်းနဲ့ ဂိုးသမား ခေါ်မယ်။ အီမာဆင်လိုမျိုး ကွင်းလယ်ကနေ အကောင်းဆုံးပံ့ပိုးနိုင်တဲ့ ကစားသမားတစ်ယောက်ကိုလည်း ထပ်ခေါ်ဖို့စီစဉ်ထားပါတယ်။ ခေါ်ယူမယ့် နေရာတစ်နေရာအတွက်ကို ကစားသမား ၃ ဦးစီ ယှဉ်ပြီးစဉ်းစားနေပါတယ်။ ဘယ်သူဖြစ်လာမယ်ဆိုတာတော့ မပြောနိုင်သေးဘူး။

မေး – လက်ရှိခေါ်ယူထားတဲ့ ဘရာဇီးတိုက်စစ်မှူးက အရင်နှစ်က ရန်ကုန်အသင်းက မြန်မာနေရှင်နယ်လိဂ် ဂိုးသွင်း အများဆုံးတိုက်စစ်မှူး ဆီဇာရဲ့ နေရာကို ဖြည့်နိုင်ပါ့မလား စိုးရိမ်နေကြတယ်။ အဲဒီအပေါ်  ဘာများပြောချင်လဲ။
ဖြေ – အက်ဒီဆင်က ဘရာဇီးက ကိုရင်သီယန်မှာ ကစားခဲ့တာပါ။ ဘောလုံးစွမ်းရည်ပြည့်ဝသလို ဂိုးကံလည်း ကောင်းတတ်တဲ့ကစားသမားတစ်ယောက်ပါ။ အဲဒီအတွက် ပရိသတ်တွေ သူ့ရဲ့ကစားပုံကို စောင့်ကြည့်စေချင်ပါတယ်။

မေး – ရန်ကုန်အသင်းရဲ့ နည်းပြသစ်တစ်ယောက်အနေနဲ့ အသင်းပရိသတ်တွေကို ဘာများပြောချင်သေးလဲ။
ဖြေ – ရန်ကုန်အသင်းမှာ နိုင်ငံခြားသားကစားသမား အပြောင်းအလဲတွေဖြစ်သွားတဲ့အတွက် စိတ်မပူပါနဲ့။ ကစားကွက်ကောင်းမွန်ပြီး နိုင်ပွဲတွေ ရရှိအောင် အကောင်းဆုံးစွမ်းဆောင်ပေးသွားမှာပါ။

comments

error: Content is protected !!