ပရီးမီးယားလိဂ်ထိပ်သီးများမှ ဆက်သွယ်နေသော ဂွါဒီယိုလာကို စာချုပ်သစ်ချုပ်ဆိုရန် ဘိုင်ယန် ပြင်ဆင်နေ
|
ဘိုင်ယန်မြူးနစ်နည်းပြဂွါဒီယိုလာကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သော ချဲလ်ဆီးနှင့် မန်စီးတီးတို့မှ ခေါ်ယူရန်ဆက်သွယ်နေသည်ဆိုသည့် သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်မှ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန်ပြင်ဆင်နေကြောင်း Daily Mirror သတင်းစာမှ ဖော်ပြသွားခဲ့သည်။
အဆိုပါဘာစီလိုနာနည်းပြဟောင်း၏ လက်ရှိစာချုပ်သက်တမ်းမှာ ယခုနှစ်ဘောလုံးရာသီပြီးဆုံးချိန်တွင် ကုန်ဆုံးမည်ဖြစ်သောကြောင့် ပရီးမီးယားလိဂ်အသင်းကြီးများမှ ခေါ်ယူရန်ဆက်သွယ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအပြောင်းအရွှေ့ကို ဟန့်တားနိုင်ရန်အတွက် ဘိုင်ယန်မြူးနစ်မှ တစ်နှစ်လုပ်ခ ပေါင် ၁၇ သန်းပေးချေ၍ သက်တမ်းတိုးဖွယ်ရှိကြောင်း သိရသည်။
ထို့အပြင် ဆက်စပ်သတင်းများအရ ဘာစီလိုနာအသင်း၌ ဂွါဒီယိုလာနှင့်လက်တွဲခဲ့ဖူးသည့် လက်ရှိချဲလ်ဆီးကွင်းလယ်လူဖာဘရီဂတ်စ်ကလည်း ချဲလ်ဆီး၊ မန်စီးတီး၊ မန်ယူ၊ အာဆင်နယ်စသည့် ထိပ်သီးအသင်းများသို့ အဆိုပါဘိုင်ယန်မြူးနစ်နည်းပြ ရောက်ရှိရန်မှာ ဖြစ်နိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
Next : ရန်ကုန်ယူနိုက်တက်နည်းပြသစ်နှင့် တွေ့ဆုံမေးမြန်းခြင်း