မြန်မာအသင်းကို အနိုင်ကစားသွားမည်ဟု တောင်ကိုရီးယားနည်းပြ ပြော

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
useapp
မြန်မာဝ-၂ တောင်ကိုရီးယားပထမအကျော့ပွဲစဉ်မှ တိုက်စစ်မှူးဆွန်ဟောင်မင်နှင့် ဒေးဗစ်ထန်တို့ ရင်ဆိုင်တွေ့ဆုံနေစဉ်။

နိုဝင်ဘာ၁၀။
တောင်ကိုရီးယားနည်းပြယူလီစတီလိုက်က နိုဝင်ဘာ ၁၂ ရက်နေ့တွင် ၂၀၁၈ ကမ္ဘာ့ဖလားအာရှဇုန်ခြေစစ်ပွဲဒုတိယအဆင့်အဖြစ်မြန်မာနှင့်ယှဉ်ပြိုင်ကစားမည့်ပွဲတွင် အနိုင်ရရှိရန် စွမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ကမ္ဘာ့အဆင့် ၄၈ နေရာသို့ရောက်ရှိလာသော တောင်ကိုရီးယားသည် ယခုခြေစစ်ပွဲ ပထမအကျော့တွင်မြန်မာ၊ လာအို၊ လက်ဘနွန်နှင့် ကူဝိတ်တို့ကို အနိုင်ကစားခဲ့ပြီး သွင်းဂိုးစုစုပေါင်း ၁၂ဂိုးရယူကာ
အုပ်စု G အမှတ်ပေးဇယားတွင် ရာနှုန်းပြည့်အနိုင်ရလဒ်ဖြင့် ဦးဆောင်သူနေရာ၌ ရပ်တည်လျက်ရှိသည်။ တောင်ကိုရီးယားအသင်းသည် ယခုမြန်မာနှင့်ပွဲစဉ်ယှဉ်ပြိုင်ကစားပြီးပါက အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် လာအိုနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

တောင်ကိုရီးယားမှာ အဆိုပါ ပွဲစဉ် ၂ ပွဲတွင် အနိုင်ရရှိမည်ဆိုပါက ၂၀၁၅ ခုနှစ်အတွင်း နိုင်ပွဲ ၁၆ ပွဲရရှိသွားမည်ဖြစ်ကာယင်းအရေအတွက်မှာ ၁၉၈၀ ခုနှစ်နောက်ပိုင်း ၁ နှစ်အတွင်း နိုင်ပွဲအများဆုံးရရှိသည့် စံချိန်လည်းဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် နည်းပြယူလီစတီလိုက်က ”ကျွန်တော်တို့အားလုံး အာရုံစူးစိုက်ပြီး အစွမ်းကုန်ဖိအားပေးနိုင်ဖို့လိုအပ်ပါတယ်။ အခုနှစ်ဟာ ကျွန်တော်တို့အတွက်
ရလဒ်ကောင်းတဲ့နှစ်ဖြစ်သလို ဒီရလဒ်တွေနဲ့ အဆုံးသတ်နိုင်ဖို့ ကြိုးပမ်းသွားရမှာပါ” ဟု ပြောကြားခဲ့သည်။

နည်းပြစတီလိုက်သည် မြန်မာနှင့်ယှဉ်ပြိုင်မည့်ပွဲတွင် တိုက်စစ်ဦးစားပေးကစားသွားမည်ဟု ယင်းကပြောကြားခဲ့ပြီး အဓိကတိုက်စစ်မှူးကို အထောက်အပံ့ဖြစ်စေရန် တောင်ပံကစားသမား ၂ ဦးနှင့် နောက်ချန်တိုက်စစ်မှူးတစ်ဦးထည့်သွင်းမည်ဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

တောင်ကိုရီးယားအသင်းသည် ကွင်းလယ်ဖန်တီးရှင်အဖြစ် ဆွမ်ဆီးမှ ကီဆောင်ယန်းကိုရွေးချယ်ထားကြောင်းသိရှိရပြီး ခြေဖ၀ါးဒဏ်ရာမှ ပြန်လည်သက်သာလာသောစပါးကစားသမားဆွန်ဟောင်မင်ကိုလည်း ပြန်လည်ခေါ်ယူထားကြောင်းသိရသည်။

GOYANG, SOUTH KOREA - SEPTEMBER 08:  New head coach of South Korea's national football team Uli Stielike talks to the media during a press conference ahead of the international friendly match between South Korea and Uruguay at Goyang Stadium on September 8, 2014 in Goyang, South Korea.  (Photo by Chung Sung-Jun/Getty Images)

တောင်ကိုရီးယားနည်းပြယူလီစတီလိုက်ကသတင်းစာရှင်းလင်းပွဲတွင် ပြောကြားနေစဉ်။

comments

error: Content is protected !!