ယခုရာသီရှုံးပွဲမရှိအသင်းအဖြစ် ပေါ်တို ဆက်လက်ရပ်တည်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ယခုရာသီ ပြည်တွင်း၊ ပြည်ပပွဲစဉ်များတွင် ရှုံးပွဲမရှိသေးသည့် ပေါ်တိုအသင်းသားများ

ပေါ်တူဂီကလပ် ပေါ်တိုအသင်းသည် ပြည်တွင်းလိဂ်ပွဲစဉ်အဖြစ် ဆီတူဘယ်အသင်းနှင့်ပွဲစဉ်တွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ရှုံးပွဲမရှိအသင်းအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့သည့်အပြင် ဥရောပ၏ ရှုံးပွဲမရှိသေးသည့် တစ်သင်းတည်းသောအသင်းအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။

လက်ရှိပေါ်တူဂီအမှတ်ပေးဇယားအား ဦးဆောင်နေသည့် စပို့တင်းလစ္စဘွန်းသည် ပေါ်တူဂီစူပါလိဂ်တွင် ရှုံးပွဲမရှိရလဒ်ဖြင့် ရပ်တည်နေခဲ့သော်လည်း ယူရိုပါလိဂ်အုပ်စုပွဲစဉ်တွင် အယ်လ်ဘေးနီးယားကလပ် စကင်ဒါဗျူးအသင်းအားအရေးနိမ့်ခဲ့ခြင်းကြောင့်  ပေါ်တိုအသင်းက ရှုံးပွဲမရှိအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅-၁၆ ဘောလုံးရာသီအတွင်း ပြိုင်ပွဲစုံ ၁၄ ပွဲကစားခဲ့ရာ၌ ၁၀ ပွဲနိုင် ၄ ပွဲသရေ ရလဒ်ရရှိထားသည့် ပေါ်တိုအသင်းသည် ပေါ်တူဂီလိဂ်တွင် အဆင့် ၂ နေရာ၌ ရပ်တည်လျက်ရှိပြီး ချန်ပီယံလိဂ်အုပ်စု (ဆ)တွင်လည်း အုပ်စုအား ဦးဆောင်လျက်ရှိသည်။

comments

error: Content is protected !!