မြန်မာ့လက်ရွေးစင်အသင်းနှင့် ကူဝိတ်ပွဲစဉ် ယှဉ်ပြိုင်ကစားဖြစ်တော့မည်မဟုတ်ဟုဆိုသော်လည်း ပွဲရလဒ်အဖြေကို ထပ်မံစောင့်ဆိုင်းရဦးမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
useweb
ဟောင်ကောင်အသင်းနှင့် ခြေစမ်းပွဲစဉ်တွင် ပွဲထွက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်ကစားသမားများ။

နိုဝင်ဘာ ၁၁ ရက်။
2018 ကမ္ဘာ့ဖလားအာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု(G)မှ လာမည့်နိုဝင်ဘာ၁၇ ရက်နေ့တွင် ယှဉ်ပြိုင်ကစားရမည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ကူဝိတ်လက်ရွေးစင်အသင်းတို့၏ပွဲစဉ်ယှဉ်ပြိုင်ကစားဖြစ်တော့မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။

ကူဝိတ်ဘောလုံးအဖွဲ့ချုပ်မှာ အားကစားဥပဒေသစ်ကြောင့် ဖီဖာနှင့် အိုလံပစ်ကော်မတီတို့မှ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံရသည်ဟု အောက်တိုဘာ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သော်လည်း ကူဝိတ်လက်ရွေးစင်ဘောလုံးအသင်း၏ ရှေ့ကစားမည့်ပွဲစဉ်များနှင့် ပတ်သက်ပြီးဖီဖာက သတင်းအချက်အလက်ထုတ်ပြန်ပေးခြင်းမရှိခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ကူဝိတ်အသင်းပွဲစဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မီဒီယာတာဝန်ခံဦးဇော်မင်းထိုက်က “ဒီပွဲစဉ်ယှဉ်ပြိုင်ကစားဖြစ်မှာမဟုတ်ပါဘူး”ဟုပြောကြားခဲ့သည်။

မြန်မာနှင့်ပွဲစဉ်ယှဉ်ပြိုင်ကစားဖြစ်တော့မည်မဟုတ်ကြောင်းကို ကူဝိတ်ဘောလုံးအဖွဲ့ချုပ်က ၎င်းတို့၏ကိုယ်ပိုင်ဝက်ဘ်ဆိုက်ပေါ်တွင်လည်းဖော်ပြခဲ့သည်။

ဖီဖာနှင့် အာရှဘောလုံးအဖွဲ့ချုပ်မှ မြန်မာနှင့် ကူဝိတ်ပွဲစဉ်ယှဉ်ပြိုင်ကစားဖြစ်မည်မဟုတ်ကြောင်း အတည်ပြုထားသော်လည်း ပွဲစဉ်ရလဒ်အဖြေနှင့် အုပ်စု(G)၏ ရပ်တည်မှုနှင့် ပတ်သက်ပြီး လတ်တလောအခြေအနေတွင် ထုတ်ပြန်ပေးခဲ့ခြင်းမရှိဟု သိရသည်။

အဆိုပါကိစ္စရပ်အပေါ် မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်မီဒီယာတာဝန်ခံဦးဇော်မင်းထိုက်က”အာရှဘောလုံးအဖွဲ့ချုပ်ကတော့ မြန်မာဘောလုံးအဖွဲ့ချုပ်အနေနဲ့ ထိုင်းမှာ အိမ်ရှင်လုပ်ဖို့ စီစဉ်သင့်တာတွေ မူလအတိုင်းဆက်လက်စီစဉ်ဖို့ အကြံပေးထားတယ်။ ဒီပွဲယှဉ်ပြိုင်မကစားမီ ၂ ရက်အလိုမှာကူဝိတ်အတွက် တစ်စုံတစ်ရာဆုံးဖြတ်ချက်ထွက်ပေါ်လာမှ သူတို့ ၃ ဂိုး၃မှတ်နဲ့ အရှုံးပေးမလား မူလအတိုင်းကစားရမလားသိနိုင်မယ်။ လောလောဆယ်ကိုယ့်ဘက်က စီစဉ်စရာရှိတာဆက်လက်စီစဉ်ထားရမယ်”ဟုပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် 2018 ကမ္ဘာ့ဖလားအာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု(G)တွင် စတုတ္ထနေရာတွင်ရှိနေကာ အကယ်၍ ဖီဖာက ကူဝိတ်၏အုပ်စုရလဒ်များအားပယ်ဖျက်ပေးခဲ့လျှင် အုပ်စုတတိယနေရာသို့ရောက်ရှိသွားမည်ဖြစ်ပြီး အာရှဖလားခြေစစ်ပွဲစဉ်တွင်လည်း အခြေအနေကောင်းတစ်ခုရရှိသွားမည်ဖြစ်သည်။

comments

error: Content is protected !!