အောက်တိုဘာလ၏ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားနှင့် နည်းပြဆုအား ဗာဒီနှင့် အာစင်ဝင်းဂါးဆွတ်ခူး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အောက်တိုဘာလပရီးမီယားလိဂ် အကောင်းဆုံးကစားသမား ဗာဒီ

အောက်တိုဘာလ၏ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို ၄ ပွဲတွင် ၅ ဂိုးသွင်းယူနိုင်ခဲ့သော ယခုနှစ်ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးကစားသမားဖြစ်သည့် လက်စတာတိုက်စစ်မှူး ဗာဒီမှ ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၂ နေရာသို့ ရောက်ရှိစေရန် ကြိုးပမ်းပေးခဲ့သည့် နည်းပြအာစင်ဝင်းဂါးမှာ အောက်တိုဘာလအတွင်း ပွဲစဉ် ၄ ပွဲကစားခဲ့ရာတွင် ရာနှုန်းပြည့်နိုင်ပွဲ ပိုင်ဆိုင်ခဲ့သောကြောင့် တစ်လတာအကောင်းဆုံးနည်းပြဆု သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းဆုမှာ အဆိုပါပြင်သစ်လူမျိုးနည်းပြအတွက် ၁၅ ကြိမ်မြောက် ဆွတ်ခူးနိုင်ခြင်းလည်း ဖြစ်ခဲ့သည်။

အသက် ၆၆ နှစ်ရှိနည်းပြအာစင်ဝင်းဂါးမှာ လက်စတာနည်းပြရေနီယာရီကို ကျော်ဖြတ်၍ တစ်လတာအကောင်းဆုံးနည်းပြဆုသိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါလက်စတာနည်းပြသည် အောက်တိုဘာလအတွင်းယှဉ်ပြိုင်ခဲ့သော ပွဲစဉ် ၄ ပွဲ၌ ၃ ပွဲနိုင်၊ ၁ ပွဲသရေရလဒ်ထွက်ပေါ်ခဲ့သဖြင့် လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

အကောင်းဆုံးဆုရရှိခဲ့သော ဗာဒီကို အင်္ဂလန်လက်ရွေးစင်နည်းပြရွိုင်းဟော့ဆန်က စပိန်၊ ပြင်သစ်တို့နှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲလူစာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။

comments

error: Content is protected !!