နည်းပြဟောင်း ဗယ်လာဒီနီအား နည်းပြသစ်အဖြစ် ပါလာမိုအသင်းခန့်အပ်
|
စီးရီးအေကလပ် ပါလာမိုအသင်းသည် ရာသီအစပွဲစဉ်များတွင် ရလဒ်ဆိုးများနှင့် ရုန်းကန်ခဲ့ရပြီးနောက် နည်းပြဂူဆက်ပီအိုင်ချီနီနှင့် လမ်းခွဲခဲ့ပြီး နည်းပြဟောင်းတစ်ဦးဖြစ်သူ ဗယ်လာဒီနီအား နည်းပြသစ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း အသင်းပိုင်ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
နည်းပြဂူဆက်ပီအိုင်ချီနီသည် ပွဲစဉ်-၁၂ တွင် ချီယေဗိုအသင်းအား အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ရှုံးပွဲ ၆ ပွဲအထိရှိခဲ့ခြင်းကြောင့် အသင်းတာဝန်ရှိသူများအနေဖြင့် လမ်းခွဲရန်ဆုံးဖြတ်ခဲ့ပြီး လစ်လပ်နေသည့် နည်းပြနေရာအတွက် ဗယ်လာဒိုနီအား ယခုနှစ်ရာသီကုန်အထိ စာချုပ်ချုပ်ဆိုခန့်အပ်ခဲ့ခြင်းဖြစ်သည်။
အသက် ၅၁ နှစ်အရွယ်ရှိ နည်းပြသစ်ဗယ်လာဒိုနီသည် ပါလာမိုအသင်းအား ၂၀၀၉-၁၀ ဘောလုံးရာသီတွင် တာဝန်ယူကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ကက်ဂလီယာရီ၊ ပက်စ်ကာရာ၊ လာဇီယို၊ ဂျီနိုအာ၊ ဘိုလော့ဂ်နာအသင်းတို့အား တာဝန်ယူကိုင်တွယ်ခဲ့ဖူးသည့် စီးရီးအေ၀ါရင့်နည်းပြတစ်ဦးဖြစ်သည်။
Next : မြန်မာတွေကိုမျှော်လင့်ချက်မြင့်စေတဲ့ ရန်ကုန်ယူနိုက်တက်အစုအဖွဲ့