ခြေကျင်းဝတ်ဒဏ်ရာကြောင့် ရိုးမားကွင်းလယ်လူ ဆာလက် ၆ ပတ်ခန့် အနားယူရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဒဏ်ရာရရှိပြီးနောက် ကွင်းပြင်သို့ ထွက်သွားခဲ့ရသည့် ဆာလက်

ရိုးမားတောင်ပံကစားသမား ဆာလက်သည် လာဇီယိုအသင်းအား ၂-၀ ဂိုးဖြင့် အနိုင်ရှိခဲ့သည့် ပွဲစဉ်တွင် ခြေကျင်းဝတ်အရွတ်စုတ်ပြဲဒဏ်ရာကြောင့် အနည်းဆုံးရက်သတ္တပတ် ၆ ပတ်ခန့် အနားယူရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

စီးရီးအေပွဲစဉ် ၁၂ အပြီးတွင် ရိုးမားအသင်းအတွက် ၅ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့သည့် ဆာလက်သည် လာဇီယိုကွင်းလယ်လူ ဆာနက်ဒ်လူလစ်နှင့် ပွဲချိန် ၅၈ မိနစ်တွင်ထိခိုက်မိ၍ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ရိုးမား၏ သတင်းထုတ်ပြန်ချက်တွင် ဆာလက်၏ ဒဏ်ရာအခြေအနေကို စစ်ဆေးမှုများထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း၊ ပြင်းထန်သည့် ခြေကျင်းဝတ်အရွတ်စုတ်ပြဲဒဏ်ရာကြောင့် ကာလရှည်ကြာအနားယူရမည်ဖြစ်ကြောင်း၊ အနည်းဆုံးရက်သတ္တပတ် ၆ ပတ်ခန့်အထိ ဆုံးရှုံးရဖွယ်ရှိနေကြောင်း အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။

comments

error: Content is protected !!