စပိန်အသင်း၏ ခြေစမ်းပွဲများကို ရာမို့စ်နှင့် ဟွမ်ဖရန် ဒဏ်ရာကြောင့် လွဲချော်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပခုံးဒဏ်ရာထပ်မံရရှိခဲ့သည့် ရာမို့စ်

စပိန်အသင်းနောက်ခံလူများဖြစ်သည့် ရာမို့စ်နှင့် ဟွမ်ဖရန်တို့သည့် လာလီဂါပြိုင်ပွဲတွင် ဒဏ်ရာရရှိခဲ့သောကြောင့် အင်္ဂလန်၊ ဘယ်လ်ဂျီယံတို့နှင့်ယှဉ်ပြိုင်မည့်ပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

ရီးရဲလ်မက်ဒရစ်ဗဟိုနောက်ခံလူရာမို့စ်မှာ ယမန်နေ့က ဆီဗီလာနှင့်ယှဉ်ပြိုင်ခဲ့သော လာလီဂါပွဲစဉ်တွင် ပခုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဟွမ်ဖရန်မှာ ဂီဂျွန်နှင့်ကစားခဲ့သည့်ပွဲတွင် ပေါင်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် စပိန်အသင်းနည်းပြဒယ်ဘော့စကေးမှာ အဆိုပါနောက်ခံလူ ၂ ဦး၏နေရာတွင် အစားထိုးခေါ်ယူမှုအဖြစ် ရီးရဲလ်မှ နာချိုဖာနန်ဒက်ဇ်နှင့် ဘီလ်ဘာအိုမှ မားကို့စ်တို့ကို ခေါ်ယူထားကြောင်းသိရသည်။

စပိန်အသင်းမှာ အလီကန်တီကွင်းတွင် အိမ်ရှင်အဖြစ် အင်္ဂလန်အသင်းနှင့်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဘယ်လ်ဂျီယံနှင့်ပွဲကို ဘရက်ဆဲလ်မြို့၌ သွားရောက်ခြေစမ်းမည်ဖြစ်သည်။

comments

error: Content is protected !!