ပရီးမီးယားလိဂ် ၆ ပွဲဆက် ဂိုးဖန်တီးမှုအများဆုံးစံချိန်ရှင်အဖြစ် အိုဇဲလ်ရပ်တည်နိုင်ခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
၆ ပွဲဆက် ဂိုးဖန်တီးနိုင်ခဲ့သည့် အိုဇဲလ်

အာဆင်နယ်ကွင်းလယ်လူအိုဇဲလ်မှာ စပါးနှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် နောက်ခံလူကီရန်ဂစ်ဘ် ဂိုးသွင်းယူနိုင်ရန် ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ၆ ပွဲဆက် ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ပထမဆုံးစံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းမှာ ယခုပွဲမတိုင်မီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူ မန်စီးတီးနှင့် ရမှတ်တူ၊ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေကာ ပွဲစဉ် ၁၂ ၏ အစောပိုင်းပွဲတွင် မန်စီးတီးမှာ သရေရလဒ်ထွက်ပေါ်ခဲ့သောကြောင့် အာဆင်နယ်အတွက် အမှတ်ပေးဇယားဦးဆောင်ခွင့်ရနိုင်မည့်ပွဲဖြစ်သော်လည်း စပါးအသင်းကို နောက်မှလိုက်ကစား၍၁-၁ သရေဖြင့်အဆုံးသတ်ခဲ့သဖြင့် အခွင့်အရေးတစ်ရပ်လက်လွှတ်ခဲ့ရသည်။

စပါးနှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲနှင့်ပတ်သက်၍ နည်းပြအာစင်ဝင်းဂါးက ”အခုပွဲက တကယ့်ကို ပွဲကြီးပွဲကောင်းပါ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ စိတ်ခွန်အားဖြစ်စေမယ့် သွင်းဂိုးရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ မရှုံးအောင်ကစားမယ့်လို့ ဆုံးဖြတ်ခဲ့ကြတယ်။ ပွဲပြီး ၁-၁ သရေက မျှတတဲ့ရလဒ်ပါပဲ။ ရှုံးပွဲမကြုံအောင်ကစားသွားတဲ့ ကျွန်တော့်ကစားသမားတွေကို အသိအမှတ်ပြုချီးကျူးလိုပါတယ်” ဟု ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများအရ စပါးအသင်းနည်းပြပိုချက်တီနိုက အာဆင်နယ်အိမ်ကွင်းအမ်းမရိတ်စ်တွင် ၎င်းတို့အသင်းအနိုင် ၃ မှတ်ရရှိရန် ထိုက်တန်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

comments

error: Content is protected !!