လုပ်ပွဲကစားသော နီပေါကစားသမား ၅ ဦးကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွဲချက်တင်ထား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
တစ်သက်တစ်ကျွန်းပြစ်ဒဏ်အထိ ချမှတ်ခံရဖွယ်ရှိနေသော နီပေါဘောလုံးသမားများ

နီပေါဘောလုံးသမား ၅ ဦးမှာ ၂၀၁၁ ခုနှစ်က ကမ္ဘာ့ဖလားခြေစစ်ပွဲကစားခဲ့ရာတွင် လုပ်ပွဲကစားသည်ဟု စွပ်စွဲခံရပြီးနောက် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွဲချက်တင်ခံထားရကြောင်း နီပေါရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

နီပေါအသင်းခေါင်းဆောင်ဟောင်း ဆာဂါသာပါနှင့် ဂိုးသမား ရီတက်ရှ်သာတို့အပါအ၀င် အခြားကစားသမား ၃ ဦးမှာ ပြီးခဲ့သည့်လက ဖမ်းဆီးခံခဲ့ရသည်။

ရဲတပ်ဖွဲ့ကပြောကြားရာတွင် ၎င်းကစားသမားများ၏ ဘဏ်ငွေစာရင်းတွင် အလွန်များပြားသော ငွေပမာဏများရှိနေသည်ကို သိရှိခဲ့ရပြီးနောက် အရှေ့တောင်အာရှဒေသတွင် လုပ်ပွဲဖန်တီးခဲ့သည်ဟု သံသယရှိခဲ့ကြောင်းနှင့် ထိုကစားသမားများမှာ ပွဲများစွာကို ရည်ရွယ်ချက်ရှိရှိ အရေးနိမ့်အောင်ကစားခဲ့ကြောင်း ပြောကြားခဲ့သည်။

ကစားသမားများဘက်ကမူ ၎င်းတို့မှာ မည်သည့်အမှားမှမကျူးလွန်ခဲ့ကြောင်းနှင့် အပြစ်မဲ့ကြောင်း ပြန်လည်တုံ့ပြန်ထားသည်။

“အစိုးရက ဘောလုံးသမား ၅ ယောက်ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ပြီးခဲ့တဲ့လက ဖမ်းဆီးခဲ့ပြီး တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချတဲ့အထိ အရေးယူနိုင်ဖို့ ဆောင်ရွက်နေပါတယ်”ဟု နီပေါရဲတပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

comments

error: Content is protected !!