ရလဒ်ဆိုးများကြောင့် နည်းပြမိုရက်စ်နှင့်လမ်းခွဲရန် ဆိုစီဒက်စီစဉ်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
နည်းပြရာထူးအတွက် မရေရာမှုများနှင့် ကြုံတွေ့နေရသော မိုရက်စ်

စပိန်လာလီဂါကလပ်အသင်းတစ်သင်းဖြစ်သည့် ရီးရဲလ်ဆိုစီဒက်အသင်းတာဝန်ရှိသူများသည် တန်းတက်လက်စ်ပါးမက်စ်အား အဝေးကွင်းတွင် အရေးနိမ့်ခဲ့သည့်အတွက် ၂ ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် နည်းပြမိုရက်စ်နှင့် လမ်းခွဲရန် စီစဉ်နေကြောင်း စပိန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

လာလီဂါပွဲစဉ် ၁၁ အပြီး ရှုံးပွဲ ၆ ပွဲအထိ ရှိခဲ့ခြင်းကြောင့် တန်းဆင်းဇုန်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်သည့် ဆိုစီဒက်သည်  အမှတ်ပေးဇယားထိပ်ပိုင်းအသင်းများဖြစ်သည့် ဆီဗီလာ၊ ဘာစီလိုနာအသင်းများနှင့် နိုဝင်ဘာလအတွင်း ထပ်မံရင်ဆိုင်ရမည်ဖြစ်သည့်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

လက်ရှိအချိန်တွင် လေ့ကျင့်ရေးအစီအစဉ်များကို ဘာစီလိုနာ(ခ)အသင်းနည်းပြဟောင်း အူစီဘီယိုက တာဝန်ယူပေးနေပြီး စပိန်မီဒီယာများ၏ ဖော်ပြချက်၌ ၎င်းမှာ နည်းပြသစ်အဖြစ် ခန့်အပ်ခံရရန် နီးစပ်နေကြောင်း သတင်းများက ဖော်ပြလျက်ရှိသည်။

comments

error: Content is protected !!