ပဲလေ့စ်နှင့်ပွဲတွင် အထီးကျန်သည်ဟု ခံစားခဲ့ရကြောင်း ကလော့ပ်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်က ယာဂင်ကလော့ပ်အားတွေ့ရစဉ်

လီဗာပူးအသင်းမှာ ယမန်နေ့က ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် အိမ်ကွင်းအန်ဖီးလ်၌ ခရစ္စတယ်ပဲလေ့စ်ကို ၁-၂ ဂိုးဖြင့်အရေးနိမ့်ခဲ့ပြီး ပရိသတ်များ ပွဲမပြီးဆုံးမီ ကွင်းအတွင်းမှထွက်ခွာမှုအပေါ် အထီးကျန်သည်ဟု ခံစားရခဲ့ရကြောင်း နည်းပြကလော့ပ်က ပြောကြားခဲ့သည်။

အဆိုပါပွဲတွင် ခရစ္စတယ်ပဲလေ့စ်နောက်ခံလူစကော့ဒန်းက ၈၂ မိနစ်တွင် ခေါင်းတိုက်ပြီး အနိုင်ဂိုးရယူခဲ့ပြီးနောက် လီဗာပူးပရိသတ်များသည် ပွဲမပြီးဆုံးမီ ကွင်းအတွင်းမှ ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်၍ နည်းပြကလော့ပ်က”၈၂ မိနစ်နဲ့ ပွဲပြီးသွားတယ်။ ဒီလိုဖြစ်မယ်လို့ ကျွန်တော်မထင်ခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်တော်တစ်ယောက်တည်း အထီးကျန်သွားတယ်လို့ ခံစားလိုက်ရတယ်။ ပွဲပြီးသွားပြီလို့ ကျွန်တော်တို့ သတ်မှတ်လိုက်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျွန်တော်စိတ်မပျက်ပါဘူး။ သူတို့မှာ အကြောင်းပြချက်ရှိလို့ ကွင်းထဲက ထွက်သွားကြတာပါ။ ဒါပေမဲ့ ပွဲသိမ်းခရာမမှုတ်ခင်အထိ ပရိသတ်တွေ ထွက်မသွားအောင်လုပ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ဘာလို့လဲဆိုတော့ အချိန်မရွေး ဘာမဆိုဖြစ်သွားနိုင်လို့ပါ” ဟု ပြောကြားခဲ့သည်။

ယခုပွဲမှာ ယာဂင်ကလော့ပ်အတွက် လီဗာပူးနည်းပြဘ၀ ၇ ပွဲမြောက်ပွဲစဉ်ဖြစ်ပြီး နိုင်ပွဲ ၃ ပွဲနှင့် သရေပွဲ ၃ ပွဲထွက်ပေါ်ပြီးနောက် ပထမဆုံးရှုံးပွဲလည်းဖြစ်ခဲ့သည်။

comments

error: Content is protected !!