ကစားသမားရွေးချယ်မှုအား ဖြေရှင်းချက်ထုတ်စရာအကြောင်းမရှိဟု အီတလီနည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ကစားသမားရွေးချယ်မှုနှင့်ပတ်သက်၍ ဝေဖန်ခံနေရသည့် နည်းပြကွန်တီ

အီတလီလက်ရွေးစင်အသင်းနည်းပြ ကွန်တီက ခြေစမ်းပွဲစဉ်များအတွက် လူစာရင်းရွေးချယ်ရာတွင် ဖြေရှင်းချက်ထုတ်ပြန်စရာမလိုကြောင်း၊ လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုကစားရန် မလုံလောက်သေးသည့်ကစားသမားများကို ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။

ဘယ်လ်ဂျီယံ၊ ရိုမေးနီးယားအသင်းတို့နှင့် ခြေစမ်းပွဲစဉ်များအတွက် နည်းပြကွန်တီ၏ လူစာရင်းတွင် စီးရီးအေ၌ ခြေစွမ်းပြနေသည့် နာပိုလီတိုက်စစ်မှူး လော်ရန်ဇိုအင်ဆိုင်းအပါအ၀င် ထိပ်သီးကစားသမားအချို့ချန်လှပ်ခြင်းခံခဲ့ရသည့်အပေါ် ဝေဖန်မှုများမြင့်တက်လာခဲ့ပြီးနောက် နည်းပြကွန်တီက ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

“အီတလီလက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုကစားဖို့ မလုံလောက်သေးတဲ့ ကစားသမားတွေကို ချန်လှပ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ထုတ်ပြန်နေစရာမလိုဘူး ထင်ပါတယ်။ ဒါပေမဲ့ နိုင်ငံအတွက် ပေးဆပ်လိုတဲ့ကစားသမားတွေကို ရွေးချယ်နိုင်ဖို့က အရေးကြီးဆုံးပါ” ဟု နည်းပြကွန်တီက ဆိုခဲ့သည်။

အီတလီလက်ရွေးစင်အသင်းသည်  နိုဝင်ဘာ ၁၃ တွင် လက်ရှိကမ္ဘာ့အဆင့် ၁ တွင်ရပ်တည်နေသည့် ဘယ်လ်ဂျီယံအသင်းနှင့်လည်းကောင်း၊ နိုဝင်ဘာ ၁၇ တွင် ရိုမေးနီးယားအသင်းနှင့်လည်းကောင်း ခြေစမ်းမည်ဖြစ်သည်။

comments

error: Content is protected !!