မန်စီးတီးတိုက်စစ်မှူး စတာလင် အဆုံးသတ်ပိုကောင်းရန် သီးသန့်လေ့ကျင့်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဆီဗီလာဘက်သို့ဂိုးသွင်းပြီး အောင်ပွဲခံနေသည့် စတာလင်

မန်စီးတီးတိုက်စစ်မှူး စတာလင်မှာ အဆုံးသတ်ဂိုးသွင်းစွမ်းရည် ပိုမိုတိုးတက်စေရန် လက်ထောက်နည်းပြ ဘရိုင်ယန်ကစ်ဒ်နှင့်အတူ သီးသန့်လေ့ကျင့်နေကြောင်း သိရှိရသည်။

စတာလင်မှာ ၎င်းအတွက်ပေးထားရသည့် ပြောင်းရွှေ့ကြေးနှင့်ထိုက်တန်ကြောင်း ပြသနိုင်ရန်အတွက် လက်ရှိထက် ပိုမိုကောင်းမွန်သော အဆုံးသတ်စွမ်းရည်ရှိရမည်ဟု နည်းပြပယ်လီဂရီနီက ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ လေ့ကျင့်နေခြင်းဖြစ်သည်။

စတာလင်မှာ နာမည်ရလာပြီးနောက် ၃ နှစ်အတွင်း ဂိုးအများအပြား မသွင်းယူနိုင်သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသူဖြစ်ကာ ၎င်းသည် ယမန်နှစ်ရာသီက လီဗာပူးအတွက် ၁၁ ဂိုးသွင်းယူပေးခဲ့ပြီး ယခုရာသီတွင် မန်စီးတီးအတွက် ၆ ဂိုး သွင်းယူထားသည်။

comments

error: Content is protected !!