လက်ရွေးစင်နည်းပြ ဂတ်ဆီဇီ ပထမဆုံး နိုင်ငံတကာပွဲ အရှုံးနှင့်ကြုံတွေ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လက်ရွေးစင်အသင်းနှင့် သွားရောက်တွေ့ဆုံခဲ့သည့် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်

မြန်မာ့လက်ရွေးစင်အသင်း နည်းပြသစ် ဂတ်ဆီဇီ၏ ပထမဆုံးနိုင်ငံတကာပွဲအဖြစ် ဟောင်ကောင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၅-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အဖွင့်မလှဖြစ်ခဲ့ရသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အသင်းတို့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၃နာရီခွဲအချိန်တွင် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၅ ဂိုးပြတ်ဖြင့် ရှုံးနိမ့်သွားခဲ့သည်။

ဟောင်ကောင်အသင်းအတွက် သွင်းဂိုးများကို မက်ကီးက ၃ မိနစ်၊ ၄၅ မိနစ် တို့တွင်လည်းကောင်း၊ ချန်ဆုကီ က ၃၃ မိနစ်တွင်လည်းကောင်း၊ ဖာရဲလ်ရားက ၆၆ မိနစ်တွင်လည်းကောင်း၊ အလက်ဇ္ဒား အက်ကန်ဒီက ၇၅ မိနစ်တွင်လည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။

မြန်မာလက်ရွေးစင်အသင်း နောက်ခံလူ နန္ဒကျော်သည် ပွဲချိန် ၆၁ မိနစ်တွင် မြန်မာအသင်းရရှိသည့် ပြစ်ဒဏ်ဘောကိုကန်တင်ရာ ကွင်းလယ်ဒိုင်က ခရာမမှုတ်မီ ကန်တင်သောကြောင့် ပြန်ကန်ခိုင်းရာမှ စကားအခြေအတင်ဖြစ်ပြီး အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။

နည်းပြဂတ်ဆီဇီကမူ မြန်မာနိုင်ငံတွင် အရေးကြီးသည့် ရွေးကောက်ပွဲကြီး ကျင်းပတော့မည် ဖြစ်သောကြောင့် ကစားသမားများအား ကြိုတင်မဲပေးနိုင်ရန် ခွင့်ပေးခဲ့ရသဖြင့် လေ့ကျင့်ရက် ၁ ရက်သာ ရခဲ့ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အသင်းခေါင်းဆောင် ရန်အောင်ကျော်ကလည်း ရန်ကုန်မြို့တွင် ခြေစမ်းခဲ့သည့် မြန်မာ ယူ-၂၁ အသင်းနှင့် ပွဲအပြီးတွင် မိမိတို့အသင်းသည် ကစားသမားအစုံအလင်ဖြင့် စုပေါင်းလေ့ကျင့်မှုမရှိသေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

အဆိုပါ ဟောင်ကောင်ခြေစမ်းပွဲသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် ကိုယ်တိုင်လိုက်ပါအားပေးခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာလ ၁၂ ရက်နေ့၊ ညနေ ၅ နာရီခွဲ အချိန်တွင် ၂၀၁၈ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့်အဖြစ် တောင်ကိုရီးယားအသင်းနှင့် အဝေးကွင်းပွဲစဉ်အဖြစ် ရင်ဆိုင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

နည်းပြဂတ်ဆီဇီက လက်ကျန်ပွဲစဉ်များတွင် မြန်မာအသင်း အရှုံးနည်းစေရန်နှင့် တတ်နိုင်သလောက် အမှတ်ရရှိရန် ကြိုးစားသွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

comments

error: Content is protected !!