အေစီမီလန်ကို အကြိတ်အနယ်ရင်ဆိုင်မည်ဟု အတ္တလန်တာနည်းပြ ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အေစီမီလန်ကို အကြိတ်အနယ်ရင်ဆိုင်မည်ဟုဆိုလိုက်သည့် အတ္တလန်တာနည်းပြ

အတ္တလန်တာနည်းပြ အက်ဒီရီဂျာက အေစီမီလန်ကို အဝေးကွင်းတွင် အကြိတ်အနယ်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။

“ဘိုလော့ဂ်နာနဲ့ပွဲတုန်းက ဒုတိယပိုင်းခြေစွမ်းအကြောင်း အခုထိ တွေးနေမိတုန်းပါပဲ။ အဲဒီလိုမျိုး ထပ်မဖြစ်တော့ဘူးလို့လည်း မျှော်လင့်ပါတယ်။ အေစီမီလန်နဲ့ပွဲက အရမ်းခက်ခဲမှာပါ။ ဒီတစ်ပတ်အတွင်းမှာတော့ ကျွန်တော့်ကစားသမားတွေ ပုံစံကောင်းရထားတာ တွေ့ခဲ့တယ်။ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့လည်း အကောင်းဆုံးစိတ်ဓာတ်ရှိနေတယ်။ ဆန်စီရိုမှာ အကောင်းဆုံးယှဉ်ပြိုင်သွားမယ်။ အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားသွားမယ်။ အေစီမီလန်ကလည်း အကောင်းဆုံးပုံစံရနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့သာ စိတ်ဓာတ်ပိုင်းအမြင့်ဆုံးမှာရှိရင် ပရိသတ်တွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ပါတယ်”ဟု ရီဂျာက ပြောကြားခဲ့သည်။

ဘိုလော့ဂ်နာကို ၃ ဂိုးပြတ် အရေးနိမ့်ခဲ့သည့် အတ္တလန်တာအသင်းတွင် အဓိကနောက်ခံလူ ဒရာမီမှာ ပွဲထွက်လူစာရင်းတွင် ပြန်လည်ပါဝင်လာနိုင်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

comments

error: Content is protected !!