ဟံသာဝတီ ဂိုးသမား ရန်အောင်လင်းကို ရတနာပုံအသင်း ခေါ်ယူ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
useyalweb
ရတနာပုံအသင်းသို့ ပြောင်းရွှေ့သွားသည့် ဂိုးသမားရန်အောင်လင်း။

နိုဝင်ဘာ ၅။
အောင်သော်ဖြိုး။

၂၀၁၅ နေရှင်နယ်လိဂ် အဆင့်(၂) နေရာတွင် ရပ်တည်နိုင်ခဲ့သည့် ရတနာပုံအသင်းသည် ပထမဆုံး ကစားသမားခေါ်ယူမှုအဖြစ် မြန်မာ့လက်ရွေးစင်နှင့် ဟံသာဝတီ ဂိုးသမား ရန်အောင်လင်းကို ခေါ်ယူနိုင်ခဲ့ကြောင်းရတနာပုံအသင်း တရားဝင်စာမျက်နှာမှ သိရသည်။

ရတနာပုံအသင်းက ရန်အောင်လင်းကို နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အပြီးသတ် စာချုပ်ချုပ်ဆိုမှုကို နိုဝင်ဘာလ ၄ရက်နေ့က အပြီးသတ်ချုပ်ဆိုနိုင်ခဲ့ကြောင်း ရတနာပုံအသင်းထံမှ သိရသည်။

ရတနာပုံအသင်းတွင် ပြည့်လျှံအောင်၊ ပြည့်စုံချစ်၊ သီဟစည်သူ ဂိုးသမား ၃ဦးအထိရှိပြီး ရန်ကုန်အသင်းနှင့် ရတနာပုံအသင်းတို့ ဗထူးကွင်းတွင်ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်နောက်ပိုင်း အသင်းနှင့် ဂိုးသမား သီဟစည်သူတို့ကြား ပြဿနာ ဖြစ်ပေါ်ခဲ့ပြီးနောက် ပြည့်လျှံအောင် နှင့် ပြည့်စုံချစ်တို့မှာ
ပွဲထွက် ဂိုးသမားများအဖြစ် ပါဝင်ခွင့်ရခဲ့သည်။

ရန်အောင်လင်းသည် ဟံသာဝတီ အသင်းတွင် လက်စွမ်းပြ ကစားနိုင်ခဲ့သည့် ဂိုးသမားတစ်ဦးဖြစ်ပြီး လက်ရှိ မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံထားရသဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများကို ယှဉ်ပြိုင်ရန် လက်ရွေးစင်အသင်းနှင့်အတူ ဟောင်ကောင်သို့ နိုဝင်ဘာလ ၅ရက်နေ့ မနက်ပိုင်းက လိုက်ပါသွားပြီး ရတနာပုံအသင်းသည်လည်း ရာသီကြို ခြေစမ်းမှုအဖြစ် ဗီယက်နမ် BTV ဖလားဝင်ရောက် ယှဉ်ပြိုင်ရန် ဗီယက်နမ် နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။

comments

error: Content is protected !!