ကစားသမားခေါ်ယူမှု နှင့်ပတ်သက်၍ နောက်ဆုံးပြောကြားမှုပြုလုပ်မည်ဟု ဗီလာနည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
BIRMINGHAM, ENGLAND - JULY 20 : New signing Jordan Amavi of Aston Villa takes part in a training session at the club's training ground at Bodymoor Heath on July 20, 2015 in Birmingham, England. (Photo by Neville Williams/Aston Villa FC via Getty Images)
လေ့ကျင့်ခန်းပြုလုပ်နေသည့်ဗီလာကစားသမား ဂွာရီအားတွေ့ရစဉ်။

ဗီလာအသင်းသို့ နည်းပြတင်ရှားဝုဒ်အစား ရောက်ရှိလာသော နည်းပြရီမီဂါဒီက အသင်းကစားသမားအပြောင်းအရွှေ့နှင့်ပတ်သက်၍ နောက်ဆုံးပြောကြားမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။

ဗီလာအသင်းမှာ ယခုအပြောင်းအရွှေ့ကာလတွင် နည်းပြတင်ရှားဝုဒ်နှင့်အတူ အမှုဆောင်အရာရှိချုပ်တွမ်ဖောက်စ်၊ အားကစားဒါရိုက်တာအလမ်စတက်နှင့် ဘောလုံးကင်းထောက်ဒါရိုက်တာ ပက်ဒီရယ်လီတို့၏ သဘောတူညီမှုများဖြင့် ကစားသမားသစ် ၁၃ ဦးခေါ်ယူအားဖြည့်ခဲ့သည်။

သို့သော် ဗီလာနည်းပြသစ်ဂါဒီက အသင်းအခြေအနေနှင့်ပတ်သက်၍ ”ကျွန်တော်တို့အားလုံး အသင်းတိုးတက်ဖို့ ဆွေးနွေးရမှာပါ။ ဒါပေမဲ့ ကျွန်တော့်ဘက်ကလည်း ဘာလိုချင်တယ်၊ ဘာလိုအပ်တယ်ဆိုတာကို ပြောရပါလိမ့်မယ်။ သာမန်ထက်ပိုတဲ့ အားကစားဒါရိုက်တာတစ်ယောက်ရှိရမယ်လို့ ကျွန်တော်ထင်တယ်။
သာမန်က ဘာလဲဆိုတာ ကျွန်တော်အပြီးသတ်တင်ပြသွားမှာပါ။ ဥရောပတစ်ခွင်က ပွဲတွေအားလုံးကိုကျွန်တော်စောင့်ကြည့်လို့မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ကူညီမယ့်သူတွေလိုအပ်သလို သူတို့နဲ့ ပူးပေါင်းလုပ်ဆောင်ရမှာပါ။ သူတို့နဲ့ ကျွန်တော့်ကြားမှာ တင်းမာမှုတွေ၊ တိုက်ခိုက်မှုတွေရှိမှာမဟုတ်ပါဘူး”ဟုပြောခဲ့သည်။

ထို့အပြင် ၎င်းကအသင်းတိုင်းတွင် ကောင်းမွန်သည့်ကစားသမားခေါ်ယူမှုနှင့် ဆိုးရွားသည့်ကစားသမားခေါ်ယူမှုရှိနေမည်ဖြစ်ကြောင်းထပ်လောင်းပြောဆိုခဲ့သည်။
ဗီလာအသင်းသည် ယခင်အပြောင်းအရွှေ့ကာလတွင် ပရီးမီးယားလိဂ်၌ကစားဖူးခြင်းမရှိသည့် ပြင်သစ်လိဂ်မှ ကစားနေသည့် အမာဗီ၊ ဂျော်ဒန်အယော၊ဂျော်ဒန် ဗာရီတော့နှင့် ဂွာရီတို့အားခေါ်ယူခဲ့ပြီး အသင်းသားများအနေဖြင့်အင်္ဂလိပ်စကားကိုသာအသုံးပြုပြောဆိုရန် သတိပေးထားကြောင်း ဂါဒီကထုတ်ဖော်ပြောဆိုထားသည်။

comments

error: Content is protected !!