ဇန်န၀ါရီအပြောင်းအရွှေ့တွင် ဟွန်ဒါကို ရောင်းချမည်မဟုတ်ကြောင်း အေစီမီလန် အတည်ပြု

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
hondaweb
ဆက်ဆူအိုလိုနှင့်ပွဲစဉ်တွင် လူစားဝင်မကစားမီ နည်းပြမီဟိုင်းလိုဗစ်က ဟွန်ဒါအား မှာကြားနေစဉ်။

ကွင်းလယ်ဖန်တီးရှင်ဟွန်ဒါသည် အေစီမီလန်၌ ပုံမှန်ပွဲထွက်ခွင့်ရရှိရန်ရုန်းကန်နေရသောကြောင့်ပရီးမီးယားလိဂ်အခြေစိုက် စပါးနှင့် အဲဗာတန်အသင်းတို့မှ ခေါ်ယူနိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေသော်လည်းအဆိုပါဂျပန်လက်ရွေးစင်ကစားသမားကို လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့တွင်ရောင်းချမည်မဟုတ်ကြောင်း အေစီမီလန်အသင်းက ထုတ်ပြန်ခဲ့သည်။

ဟွန်ဒါသည် ၂၀၁၃ ခုနှစ်တွင် CSKA မော်စကိုအသင်းမှ အေစီမီလန်သို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီးခြေစွမ်းပြနိုင်ခဲ့သော်လည်း ယခုဘောလုံးရာသီတွင် စီးရီးအေ၌ ခြေစွမ်းပျောက်ဆုံး၍ ပွဲထွက်ခွင့်အနည်းငယ်သာရရှိခဲ့သောကြောင့် အသင်းပြောင်းရွှေ့ဖွယ်ရှိသည်ဆိုသော သတင်းများထွက်ပေါ်ခဲ့သည်။

သို့သော် အေစီမီလန်အသင်းမှ ဟွန်ဒါကိုဆက်လက်ထိန်းသိမ်းလိုသောကြောင့် ရောင်းချမည်မဟုတ်ကြောင်းထုတ်ပြန်ခဲ့သည့်အတွက် တိုက်စစ်မြှင့်တင်လိုသည့် စပါးနှင့် အဲဗာတန်တို့၏ မျှော်လင့်ချက် ကုန်ဆုံးခဲ့ရသည်။

 

comments

error: Content is protected !!