အက်ရှ်လေယန်း၏ ဟန်ဆောင်ဒိုင်ဗင်ထိုးမှုမှာ ရှက်စရာအတိဖြစ်ကြောင်း ရွိုင်ကိန်း ဝေဖန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဝေဖန်မှုများ ဂယက်ထခဲ့သည့် အက်ရှ်လေယန်း၏ ဟန်ဆောင်လှဲချမှု

ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် CSKA မော်စကိုနှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့သော အက်ရှ်လေယန်း၏လုပ်ရပ်မှာ အလွန်ရှက်စရာကောင်းသည်ဟု မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားခဲ့သည်။

အဆိုပါပွဲတွင် ကွင်းလယ်လူအက်ရှ်လေယန်းမှာ ပြိုင်ဘက်နောက်ခံလူ ရှာချန်နီကော့ဗ်နှင့် ပင်နယ်တီဧရိယာအတွင်းထိခိုက်မိစဉ် ယခုကဲ့သို့ ဟန်ဆောင်ခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည်။

အသက် ၃၀ နှစ်ရှိ အက်ရှ်လေယန်း၏ လုပ်ရပ်အပေါ် ရွိုင်းကိန်းနှင့်အတူ ပေါလ်စခိုးလ်၊ လိုင်နီကာနှင့် ထောင်ပေါင်းများစွာသော ပုဂ္ဂိုလ်များက လူမှုကွန်ရက်တွင် ရှုတ်ချကြောင်း ရေးသားဖော်ပြခဲ့ကြသည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ ရွိုင်ကိန်းက ”သူက မန်ယူကစားသမား၊ ကျွန်တော်က တရုတ်သိုင်းသမားပဲထားပါတော့။ ဒီလုပ်ရပ်က ရှက်စရာအရမ်းကောင်းလွန်းတယ်။ စီနီယာကစားသမားတွေကလည်း သူ့ကိုဒီလိုမလုပ်ဖို့ တားရမှာပါ။ မန်ယူကလည်း ဒါကို ခွင့်မပြုသင့်ဘူး” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!