ဘန်ဇီမာ ထောင်ဒဏ်ချမှတ်ခံရဖွယ်ရှိနေသော်လည်း ပါဝင်ပတ်သက်ခြင်းမရှိဟု ရှေ့နေဖြစ်သူငြင်းဆန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ထောင်ဒဏ်ချခံရဖွယ်ရှိနေသည့် ဘန်ဇီမာ

ပြင်သစ်လက်ရွေးစင် တောင်ပံကစားသမား ဗယ်လ်ဘူနာ၏ လိဂ်ပိုင်းဆိုင်ရာ ဗီဒီယိုဖိုင်အတွက် ငွေညှစ်မှု၌ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံထားရသည့် ရီးရဲလ်တိုက်စစ်မှူးဘန်ဇီမာသည် ရဲတပ်ဖွဲ့၏ခေါ်ယူစစ်ဆေးခြင်းကို ခံခဲ့ရပြီး ထောင်ဒဏ်ချမှတ်ခံရမည့်အခြေအနေနှင့် ရင်ဆိုင်နေရသော်လည်း ယင်းအမှုအတွင်း ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ၎င်း၏ရှေ့နေက ငြင်းဆန်ခဲ့သည်။

ဗယ်ဘူလ်နာ၏ လိင်ဗီဒီယိုဖိုင်နှင့်အတူ ငွေညှစ်မှုများ ရှိလာကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် တိုက်စစ်မှူးဘန်ဇီမာအနေဖြင့် အဆိုပါငွေညှစ်သူများ၌ ပါဝင်နေကြောင်း စွပ်စွဲခံထားရပြီး ရဲတပ်ဖွဲ့၏ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရပြီးနောက် သတင်းများထွက်ပေါ်နေမှုအား ရှေ့နေကော်မီယာက ယခုကဲ့သို့ ပြန်လည်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။

“ကစားသမားတစ်ဦးချင်းစီရဲ့ ပုဂ္ဂိုလ်ရေးအခြေအနေတွေဖြစ်ပေမယ့် ဘန်ဇီမာကတော့ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိပါဘူး။ တာဝန်ရှိသူတွေက အမှုမှန်ပေါ်ပေါက်ရေးအတွက် ခေါ်ယူစစ်ဆေးခဲ့ရုံပါပဲ” ဟု ဘန်ဇီမာ၏ရှေ့နေ ကော်မီယာက ဖွင့်ဟပြောကြားခဲ့သည်။

ယင်းအမှုနှင့်ပတ်သက်၍ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဆစ်ဆီမှာလည်း ရဲတပ်ဖွဲ့၏ ခေါ်ယူစစ်ဆေးခြင်းကို ခံခဲ့ရကြောင်း သိရသည်။

comments

error: Content is protected !!