ပရိသတ်များ ဒေါသထွက်သည်ကို သိရှိကြောင်း မန်ယူနည်းပြ၀န်ခံ
|
မန်ယူနည်းပြဗန်ဟားလ်က ၎င်း၏နည်းစနစ်များကို ပရိသတ်များက သဘောမကျသည်ကို သိရှိသော်လည်း ချန်ပီယံလိဂ်တွင် CSKA ကို အနိုင်ရခဲ့ပြီးနောက် ပရိသတ်များ၏ ထိုခံစားချက်ပျောက်သွားလိမ့်မည်ဟု ဆိုသည်။
ထိုပွဲစဉ်တွင် ဂိုးမရှိသရေဖြစ်နေချိန်၌ မာရှယ်အား ဖယ်လိုင်နီနှင့် လူစားလဲချိန်တွင် ပရိသတ်များက အော်ဟစ်လှောင်ပြောင်ခဲ့ကြပြီး မန်ယူအတွက် ပွဲချိန် ၇၉ မိနစ်တွင် ရွန်နီက တစ်လုံးတည်းသောအနိုင်ဂိုး သွင်းယူပေးခဲ့သည်။
“ကျွန်တော်လည်း နားကောင်းပါတယ်။ အဲဒါက ပရိသတ်တွေရဲ့အမြင်လေ။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့စိတ်ပျက်တော့မှာ မဟုတ်ပါဘူး။ ရွန်နီ့ကို တိုက်စစ်မှူးနေရာမှာ ထပ်ပြီး ထားကစားနိုင်တာနဲ့ သူဂိုးသွင်းနိုင်တာကို ကျွန်တော်အရမ်းဝမ်းသာတယ်”ဟု ဗန်ဟားလ်က ပြောကြားခဲ့သည်။
ယခုပွဲစဉ်တွင် ရွန်နီဂိုးသွင်းနိုင်ခဲ့သဖြင့် မန်စီးတီး၊ မစ်ဒယ်ဘရော့၊ ခရစ္စတယ်ပဲလေ့စ်တို့နှင့်ပွဲများအပါအ၀င် မန်ယူတိုက်စစ် ၄၀၄ မိနစ်ကြာ ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့သည်။
မာရှယ်မှာ CSKA နှင့်ပွဲတွင် ရွန်နီနှင့်အတူ တိုက်စစ်တွင် ပွဲထွက်ကစားခဲ့ပြီး ၆၆ မိနစ်တွင် လူစားလဲခံလိုက်ရသည့်အတွက် ပရိသတ်များက ထိုကစားသမား၏အမည်ကို သံပြိုင်အော်ဟစ်ကာ မန်ယူအား တိုက်စစ်ပိုကစားရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။