မိမိသည် မက်ဆီထက် ပိုကောင်းသူဟု ရော်နယ်ဒိုပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ကမ္ဘာ့အကောင်းဆုံးကစားသမားဆုပေးပွဲအခမ်းအနားတွင် မက်ဆီနှင့် ရော်နယ်ဒိုအား အတူတွေ့ရစဉ်

ရီးရဲလ်တိုက်စစ်မှူးရော်နယ်ဒိုက ခေတ်ပြိုင်ကစားသမားဖြစ်သူ မက်ဆီထက် မိမိမှာ ပိုကောင်းသူဖြစ်ကြောင်း ပြောကြားလိုက်သည်။

ပရိသတ်များအကြား နှစ်ပေါင်းများစွာ ရေပန်းစားနေခဲ့သည့် မက်ဆီနှင့် ရော်နယ်ဒိုတို့အနက် မည်သူက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်သည်ဆိုသည့် မေးခွန်းအား AS သတင်းဌာနနှင့် အင်တာဗျူးပြုလုပ်ခဲ့သည့် ရော်နယ်ဒိုက”အဲဒါက ကိစ္စမရှိပါဘူ။ လွန်ခဲ့တဲ့ ၈ နှစ်အတွင်း ကျွန်တော့်အနေအထားကို ပြန်ကြည့်ရင် အမြဲတမ်းခြေစွမ်းပြခဲ့တာပဲ တွေ့ရလိမ့်မယ်။ အဲဒါမျိုးကစားနိုင်ဖို့ ခက်တယ်လေ။ အဲဒီလိုလုပ်ဖူးတဲ့သူရှိရင် ပြောပြပါဦး။ အဲဒီလို လုပ်နိုင်ခဲ့တဲ့သူအတွက် နံပါတ် ၁ တွေ ၂ တွေ၊ ဖလားဘယ်နှလုံးရလဲဆိုတာတွေက အရေးမပါတော့ဘူး။ ခင်ဗျားအတွက်တော့ မက်ဆီက အကောင်းဆုံးဖြစ်ရင်ဖြစ်မယ်။ ကျွန်တော့်အတွေးမှာတော့ ကျွန်တော်က အကောင်းဆုံးပဲ။ လူတိုင်းက ကိုယ့်အကြောင်းပဲ ကိုယ်တွေးသင့်တာလေ။ အဲဒါကြောင့်လည်း ကျွန်တော့်ကစားသမားဘ၀က ဒီလောက်အထိ အောင်မြင်နေတာပေါ့”ဟု ဖြေကြားခဲ့သည်။

ထိုအင်တာဗျူးတွင်ပင် ရော်နယ်ဒိုက မိမိမှာ ဘောလုံးပွဲများကို ရုပ်သံမှကြည့်ရှုသူမဟုတ်ကြောင်းအား”ဘောလုံးက ကျွန်တော့်ဘ၀ပါ။ ကျွန်တော်အမြတ်နိုးဆုံးအရာပါ။ ဒါပေမဲ့ ရုပ်သံကနေကြည့်တဲ့ ပရိသတ်တော့မဟုတ်ပါဘူး။ ပွဲကြီးတွေဆို ကြည့်ပေမယ့် တခြားဟာတွေပဲ ကျွန်တော်လုပ်ဖြစ်တာ များပါတယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!