Special One အသစ်မှာ မိမိဖြစ်နိုင်သည်ဟု ပယ်လီဂရီနီ ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဆီဗီလာနှင့်ပွဲကတွေ့ရသည့် ပယ်လီဂရီနီ

မန်စီးတီးနည်းပြ ပယ်လီဂရီနီက ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၂ ပွဲ ကျန်ချိန်တွင် အသင်းအား ရှုံးထွက်အဆင့်တက်ရောက်စေရန် ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် မိမိမှာ Special One အသစ်ဖြစ်နိုင်သူဟု ဖွင့်ဟလိုက်သည်။

ပယ်လီဂရီနီသည် စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူထားသော ဒီဘရူနီကို အရန်အဖြစ်ကစားစေကာ ဖာနန်ဒင်ဟိုကိုထည့်သွင်း၍ တိုက်စစ်အသားပေးခဲ့သည့် ၎င်း၏နည်းစနစ်ပိုင်းကိုလည်း ကိုယ်တိုင်ပြန်လည်ချီးကျူးခဲ့သည်။

မန်စီးတီး၏ ယခင်ခြေစွမ်းများကို သဘောကျခြင်းမရှိသည့် ပယ်လီဂရီနီက ယခုအပြောင်းအလဲမှာ အောင်မြင်ခဲ့သည်ဟု ဆိုသည့်အပြင်”ဒီပွဲက နည်းစနစ်ပိုင်းရော၊ နည်းဗျူဟာပိုင်းမှာပါ ပြီးပြည့်စုံခဲ့တဲ့အတွက် ကျွန်တော်အရမ်းဝမ်းသာတယ်။ ဘောလုံးပိုင်ဆိုင်မှုအသာရပြီး ဂိုးတောင် ဒီထက်ပိုရနိုင်ခဲ့တာပါ။ အရင်က ကစားကွက်ကို သဘောမကျလို့ ကျွန်တော်ပြောင်းလဲခဲ့တယ်။ ကစားသမားတွေအားလုံး ခြေစွမ်းကောင်းခဲ့တယ်။ ဒီဘရူနီ ဘာလို့ပွဲမထွက်လဲလို့ လူတွေက မေးပေမယ့် အသင်းပြောင်းလဲဖို့က အရေးပါတယ်လေ”ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

comments

error: Content is protected !!