မြန်မာ့လက်ရွေးစင်အသင်း၏ ကူဝိတ်နှင့်ခြေစစ်ပွဲစဉ်အတွက် AFC ၏ အကြောင်းကြားမှု မရသေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
epa04969019 Myanmar's Kyaw Ko Ko (R) controls the ball next to Lebanon's Walid Ismail during their preliminary joint qualification round 2 match at the Supachalasai Stadium in Bangkok, Thailand, 08 October 2015.  EPA/DIEGO AZUBEL
လက်ဘနွန်၂-၀ မြန်မာပွဲစဉ်မှ တိုက်စစ်မှူးကျော်ကိုကို၏ ကစားဟန်။

နိုဝင်ဘာ ၁၄။
အောင်သော်ဖြိုး။

ကူဝိတ်ဘောလုံးအဖွဲ့ချုပ်အပေါ် FIFA နှင့် IOC တို့မှ နိုင်ငံတွင် အားကစားဥပဒေ အသစ် ရေးဆွဲသည့်ကိစ္စနှင့်ပတ်သတ်ပြီး နိုင်ငံတကာပွဲများ ကစားခွင့်ပိတ်ပင်သည်ဟု ဖီဖာက သတင်းထုတ်ပြန်ထားသော်လည်း မြန်မာအသင်းကို ကူဝိတ်အသင်းနှင့် ပွဲစဉ်အတွက် တိကျသောအဖြေတခုကို မပေးသေးကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကဆိုသည်။

“အာရှ ဘောလုံးအဖွဲ့ချုပ်က တရားဝင်အကြောင်းကြားစာရဖို့ လှမ်းမေးထားပါတယ်။ ကန်ဖြစ်မယ် မကန်ဖြစ်ဘူး မသေချာတာကြောင့် ကိုယ့်ဘက်က ပြင်ဆင်ထားပါတယ်” ဟု ၎င်းကဆိုသည်။

ကူဝိတ်အသင်းသည် မြန်မာအသင်းနှင့် ဘန်ကောက်တွင် ယှဉ်ပြိုင်ရန် နေထိုင်သွားလာရေးများ အားလုံးစီစဉ်ထားသလိုလေ့ကျင့်မှုများကိုလည်း ပုံမှန်ပြုလုပ်နေသည့်အတွက် မြန်မာအသင်းအနေဖြင့်လည်း ကူဝိတ်ပွဲအတွက် ပြင်ဆင်ထားကြောင်း မြန်မာ့လက်ရွေးစင်အသင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့အပြင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ကမ္ဘာ့ဖလားအာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု(G)တွင်ကူဝိတ်အသင်းကို အုပ်စုဒုတိယနေရာတွင်သာ ဆက်လက်ထားရှိသည့်အပြင် ယင်းအသင်း၏ရှေ့လာမည့်ခြေစစ်ပွဲစဉ်များနှင့် ပတ်သက်ပြီး ဖီဖာက တရားဝင်သတင်းထုတ်ပြန်သေးခြင်းမရှိကြောင်းလည်း ပြည်ပသတင်းမီဒီယာများတွင်ဖော်ပြလျက်ရှိသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နည်းပြသစ် ဂတ်ဆီဇီ လက်ထက် ပထမဆုံးခြေစမ်းပွဲအဖြစ် ယူ-၂၁အသင်းနှင့်ပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ပြီး နိုဝင်ဘာလ ၈ရက်နေ့တွင် ဟောင်ကောင်အသင်းနှင့် တရုတ်နိုင်ငံတွင် ခြေစမ်းပွဲကစားဦးမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာလ ၁၂ရက်နေ့တွင် တောင်ကိုရီးယားအသင်း၊ နိုဝင်ဘာ၁၇ရက်နေ့တွင် ကူဝိတ်အသင်း၊မတ်လ ၂၉ရက်နေ့တွင် လက်ဘနွန်အသင်းတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။

fifa stan

ကမ္ဘာ့ဖလားခြေစစ်ပွဲအာရှဇုန်ဒုတိယအဆင့် အုပ်စု(G)အားဖီဖာဝက်ဘ်ဆိုက်တွင်ဖော်ပြထားစဉ်။

comments

error: Content is protected !!